“တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က အဖျက်သဘောဆောင်သည့် ပြင်ပစွက်ဖက်မှုများကို ယူရေးရှားဒေသ မတည်ငြိမ်ရသည့် အဓိကအကြောင်းရင်းအဖြစ် ရှုမြင်ဟု ပူးတွဲကြေညာချက်ထုတ်ပြန်”
22 Oct
အဖျက်သဘောဆောင်သော ပြင်ပစွက်ဖက်မှုများက ယူရေးရှားဒေသတစ်ခွင် မတည်မငြိမ်ဖြစ်စေသည့် အဓိက အကြောင်းရင်းအဖြစ် ရှုမြင်ကာ ပြင်ပမှအင်အားသုံး၍ အတင်းအကျပ် ဖိအားပေးမှုမှန်သမျှကို ပြင်းထန်စွာ ရှုတ်ချကြောင်း တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အောက်တိုဘာလ ၂၁ ရက်တွင် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ နှစ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂကိုဗဟိုပြုသော နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေကို အခြေခံသော နိုင်ငံတကာစည်းစနစ်တို့ကို ခိုင်မာစွာ ထိန်းသိမ်းကာကွယ်သွားမည်ဟု စိန့်ပီတာစဘတ်မြို့၌ ကျင်းပသော တရုတ်-ရုရှား အစိုးရအဖွဲ့အကြီးအကဲများ၏ (၃၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီး၌ ထုတ်ပြန်ခဲ့သည့် အဆိုပါပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် နှစ်ဖက်အနေဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံများအကြား အပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်း ဆောင်ရွက်မှုကို အခြေခံ၍ တရားမျှတသော နိုင်ငံတကာဆက်ဆံရေးကို ခိုင်မာအောင်တည်ဆောက်သွားရန် ထောက်ခံခဲ့ကြပြီး ကမ္ဘာကြီးကို ပြိုင်ဘက်နယ်မြေဒေသများ သို့မဟုတ် ပြိုင်ဘက်အုပ်စုများအဖြစ် ပိုင်းခြား သတ်မှတ်ခြင်းကို ဆန့်ကျင်ကြကြောင်းလည်း ကြေညာချက်၌ ဖော်ပြထားသည်။ အောက်တိုဘာလ ၂၁ ရက်က ကျင်းပသည့် အဆိုပါအစည်းအဝေးအား တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်နှင့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် မစ်ခေး မီရှုစတင် တို့က ပူးတွဲသဘာပတိအဖြစ် ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)