“၂၀၂၆ ခုနှစ် ပထမကိုးလတာအတွင်း အစ္စရေးနိုင်ငံ၏ ကုန်ပစ္စည်းတင်သွင်းသည့် အဓိကနိုင်ငံအဖြစ် တရုတ်နိုင်ငံ ဆက်လက်ရှိနေ”

22 Oct

အစ္စရေးနိုင်ငံ၏ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းမှုသည် ၂၀၂၆ ခုနှစ် ပထမကိုးလအတွင်း ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၂ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း အစ္စရေးဗဟိုစာရင်းအင်းဌာနက အောက်တိုဘာလ ၂၁ ရက်တွင် ထုတ်ပြန်သည့် အချက်အလက် များအရ သိရသည်။ ပထမကိုးလတာကာလအတွင်း တရုတ်နိုင်ငံသည် အစ္စရေးအတွက် အဓိကကုန်ပစ္စည်းအများဆုံး တင်သွင်း သည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပြီး အမေရိကန်နိုင်ငံက ဒုတိယနေရာ၌ရှိနေသည်။ ဇန်နဝါရီလမှ စက်တင် ဘာလအထိ ကာလတွင် အစ္စရေးသည် အမေရိကန်နိုင်ငံမှ ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဒသမ ၇၄ ဘီလီယံဖိုး တင်သွင်းခဲ့သည်။ ဂျာမနီနိုင်ငံမှကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၉ ဘီလီယံဖိုး တင်သွင်း ခဲ့ကြောင်းလည်း သိရသည်။ စက်တင်ဘာလ တစ်လတည်းတွင် အစ္စရေးနိုင်ငံ၏ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းမှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇ ဘီလီယံရှိခဲ့ပြီး ယခင်နှစ် အလားတူလနှင့်နှိုင်းယှဉ်ပါက ၂၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အစ္စရေး၏ ပို့ကုန်အကြီးဆုံးဈေးကွက်အဖြစ်မူ အမေရိကန်နိုင်ငံက ဆက်လက်ရပ်တည်ခဲ့သည်။ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အစ္စရေးက အမေရိကန်သို့ ဒေါ်လာ ၁၃ ဒသမ ၇ ဘီလီယံဖိုး တင်ပို့ခဲ့ကာ တရုတ်နိုင်ငံသို့ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံဖိုး တင်ပို့၍ ဒုတိယအများဆုံး တင်ပို့ရာနိုင်ငံဖြစ်ခဲ့သည်။ (Repost from Xinhua Myanmar)

22 Oct

ADVERTISE HERE .