“ဆာကာ ရဲ့ ဒဏ်ရာအခြေအနေကို စိုးရိမ်မိကြောင်း ပြောကြားခဲ့တဲ့ အာတီတာ”
22 Oct
အာဆင်နယ်နည်းပြ အာတီတာ က တိုက်စစ်ကစားသမား ဆာကာ ရဲ့ ဒဏ်ရာအခြေအနေကို စိုးရိမ်မိကြောင်း ပြောကြားခဲ့ပါတယ်။ ဆာကာ ဟာ ဘိုင်ယန်မြူးနစ်အသင်းနှင့် တစ်ဖက် ၂ ဂိုးစီနဲ့ သရေကျခဲ့သောပွဲစဉ်မှာ ပေါင်ကြွက်သားဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန် ၁၀ မိနစ်မှာပင် လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ ဆာကာ ဟာ မကြာသေးမီက ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး ၎င်း၏ ပွဲကစားချိန်ကို အာဆင်နယ်အသင်း၏ နည်းပြအဖွဲ့က ဂရုတစိုက်စီမံခန့်ခွဲနေရတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ဘိုင်ယန်မြူးနစ်နှင့်ပွဲမှာ ဆာကာ ကို စောစောစီးစီးလူစားလဲခဲ့ရပေမယ့် ၎င်းနေရာ ဝင်ကစားတဲ့ အက်ဇေးက အသင်းအတွက် ဦးဆောင်ဂိုးများ သွင်းယူပေးနိုင်ခဲ့ပါတယ်။ (NVS 008)
22 Oct