“နေ့စဉ်သဘာဝဓာတ်ငွေ့ ၂၆ ကုဗပေသန်းခန့် လုံလောက်စွာဖြန့်ဖြူးရောင်းချပေးနေ”
22 Oct
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဥ်သုံးသဘာဝဓာတ်ငွေ့ ယာဥ်များအတွက် နေ့စဉ်သဘာဝဓာတ်ငွေ့ ၂၆ ကုဗပေသန်းခန့် လုံလောက်စွာဖြန့်ဖြူးရောင်းချပေးနေကြောင်း သိရပါတယ်။ "က"ကုန်စည်ယာဉ် ၁,၂၇၅ စီး၊ "ခ" ခရီးသည်တင်ယာဉ် YBS ၅,၅၁၆ စီးနှင့်အခြား ၆၄၂ စီး၊ "ဂ"စင်းလုံးငှား / Taxi ၁၇,၉၉၁ စီး ၊ "ဃ" ကြိုပို့ယာဉ် ၁၈၄ စီး၊ "င"ကိုယ်ပိုင်စီးပွားသုံးယာဉ် ၁,၁၅၉ စီး၊ ဌာနဆိုင်ရာယာဉ် ၁၉၀ စီး (စုစုပေါင်း ၂၆,၉၅၇ စီး)ကို မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ယာဉ်များအဖြစ် မှတ်ပုံတင်ခွင့်ပြုပေးထားကြောင်း သိရသည်။ အဆိုပါယာဥ်များအတွက် လိုအပ်သောဓာတ်ငွေ့များကို မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်း ဆိုင် ၄၁ ဆိုင်မှ ဓာတ်ငွေ့လုံလောက်စွာ ဖြန့်ဖြူးရောင်းချရန်စီမံထားပြီး ယာဥ်စီးရေနှင့် အကြိမ်အရေအတွက် ကန့်သတ်မှုမရှိဘဲ နေ့စဉ် နံနက် ၄ နာရီမှ ည ၁၁ နာရီအထိ ပိတ်ရက်မရှိရောင်းချပေးလျက်ရှိပါတယ်။ ဒါ့အပြင် ခရီးသွားများ ယာဉ်စီးခသက်သာစွာ သွားလာနိုင်ရန် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ကို 1 Kg လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ မော်တော်ယာဉ်သုံး သဘာဝ ဓာတ်ငွေ့အရောင်းဆိုင် ၄၁ ဆိုင်သို့ နေ့စဉ် YBS ယာဉ် ၃,၃၀၀ ခန့်၊ Taxi ၃၁,၀၀၀ ခန့်နှင့် အခြားယာဉ် ၁,၅၀၀ ခန့်(တစ်နေ့လျှင် ၂ ကြိမ် ဖြည့်သောယာဉ်များအပါအဝင်)လာရောက်ဖြည့်သွင်းလျက်ရှိကြောင်း သိရပါတယ်။ (NVS 008)