“မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးကို ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပမည်”

22 Oct

ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးကို ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် စေတနာရှင်အလှူရှင်များအနေနဲ့ မိမိတို့၏ သဒ္ဓါတရားအလျောက် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ ဘုရားကြီး၏ရွှေရောင်တော် ပိုမိုတင့်တယ်သပ္ပာယ်စေရန်နှင့် သာသနာတော် အဓွန့်ရှည်တည်တံ့စေရန် ရည်ရွယ်၍ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် အလှူငွေများ လက်ခံဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဆိုပါ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းမှာ ဘုရားဖူးပြည်သူများနှင့် စေတနာရှင်အလှူရှင်များအနေနဲ့ မိမိတို့တတ်နိုင်တဲ့ အလှူ ငွေပမာဏအလိုက် ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါတယ်။ စေတနာရှင်များအနေနဲ့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီးဂေါပကအဖွဲ့၏ ရုံးအဖွဲ့မှူးသို့ ဆက်သွယ်၍ ပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေးထားပါတယ်။ (NVS 008)

22 Oct

ADVERTISE HERE .