“(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ”
22 Oct
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အောက်တိုဘာလ ၂၁ ရက်မှာ ကျင်းပတဲ့ (၂၇) ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက ယနေ့ခေတ်မှာ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုကြောင့် အနုပညာဖန်တီးမှု၊ မှတ်တမ်း တင်မှုနှင့် ဖြန့်ဝေမှုတို့အတွက် အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာပြီး ၎င်းအခွင့်အလမ်းများကို မှန်ကန်စွာအသုံးချ နိုင်ရန် လိုအပ်ကြောင်း ပြောကြားပါတယ်။ ဒါ့အပြင်မြန်မာ့ရိုးရာအနုပညာ၏ ပညာရပ်ဆိုင်ရာအရည်အသွေးကို စဉ်ဆက်မပြတ်မြှင့်တင်ရန်နှင့် ထူးခြားတဲ့ အနုပညာအလှတရားများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးရန်လည်း တိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့် မျိုးဆက်သစ်များက ရိုးရာအနုပညာရဲ့ သမိုင်းနောက်ခံ၊ အဓိပ္ပာယ်နဲ့ အနှစ်သာရတွေကို နားလည်သဘောပေါက်ဖို့ လိုအပ်ကြောင်း အခုလိုနားလည်သဘောပေါက်မှသာ မိမိတို့ရဲ့ ဖန်တီးမှုတွေမှာ ရိုးရာတန်ဖိုးများကို ထိန်းသိမ်းနိုင်မှာ ဖြစ်သလို ခေတ်နဲ့လျော်ညီတဲ့ အနုပညာလက်ရာများကို ဖန်တီးတင်ဆက်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာ့ရိုးရာအနုပညာသည် အမျိုးသားယဉ်ကျေးမှုကို ဖော်ပြနေတဲ့ တန်ဖိုးရှိသော အမွေအနှစ်တစ်ရပ်ဖြစ်ပြီး ယင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အနာဂတ်မျိုးဆက်များထံ အရည်အသွေးပြည့်ဝစွာ လက်ဆင့် ကမ်းပေးရန်မှာ အားလုံးပူးပေါင်းဆောင်ရွက်ရမည့် တာဝန်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ (NVS 008)