“အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို မွမ်ဘိုင်းမြို့၌ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး”

22 Oct

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာနှင့်မွမ်ဘိုင်းမြို့ ၌ အောက်တိုဘာလ ၂၀ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ မွမ်ဘိုင်းမြို့ဆွေးနွေးပွဲ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့သည် ကုန်သွယ်ရေး၊ စွမ်းအင်၊ နည်းပညာ၊ ကာကွယ်ရေး ကဏ္ဍတို့၌ နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန်ဆွေးနွေးခဲ့ကြောင်း အိန္ဒိယမီဒီယာများက သတင်းထုတ်ပြန်ထား သည်။ အမေရိကန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် စွမ်းအင်ကဏ္ဍပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိသည်။ ထို့ပြင် အမေရိကန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို အပြီးသတ်ရယူရေးအတွက် ကြိုးပမ်းလျက်ရှိသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့်အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးတို့သည် အောက်တိုဘာလ ၂၀ ရက်က အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသည့် ယူအေအီးနိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ်အက်ဘ်ဒူလာဘင် ဇာယက်အယ်လ်နာယန်နှင့်တွေ့ဆုံ၍ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ကုန်သွယ်ရေး ဆွေးနွေးပွဲများ ပျက်ပြားခဲ့ရပြီးနောက် အမေရိကန်အစိုးရသည် ၂၀၂၅ ခုနှစ် ဩဂုတ်လမှစ၍ အိန္ဒိယ ထုတ်ကုန်အများစုအပေါ် ၅၀ ရာခိုင်နှုန်းထိ အခွန်စည်းကြပ်ထားကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

22 Oct

ADVERTISE HERE .