“ဂိုးသွင်းအပြီးအောင်ပွဲခံမှုအတွက် မွေးရပ်မြေပရိသတ်များကို တောင်းပန်ခဲ့တဲ့ မတ်ဒီဆန်”
21 Oct
စပါးကစားသမား မတ်ဒီဆန် က ကိုဗင်ထရီအသင်းနှင့်ပွဲစဉ်တွင် ဂိုးသွင်းအပြီးအောင်ပွဲခံမှုအတွက် မွေးရပ်မြေ ပရိသတ်များကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။ မတ်ဒီဆန် အနေနဲ့ မွေးရပ်မြေကလပ် ကိုဗင်ထရီအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသည့်ပွဲတွင် အဖွင့်ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်ပါတယ်။ မတ်ဒီဆန် ဟာ ဂိုးသွင်းပြီးနောက် စပါးအသင်းလိုဂိုအား နမ်းရှုံ့ပြီး အောင်ပွဲခံခဲ့ခြင်း ဖြစ်ပါတယ်။ မတ်ဒီဆန် က အဆိုပါပွဲမှာ ရက်ပေါင်း ၆၁၀ ရက်အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒူးအရွတ်ဒဏ်ရာရပြီးနောက် ၁၈ လအတွင်း ပထမဆုံးပရီးမီးယားလိဂ်ပွဲထွက် ကစားခဲ့ရခြင်း ဖြစ်ပါတယ်။ စပါးကွင်းသို့ လိုက်လံအားပေးတဲ့ ကိုဗင်ထရီပရိသတ်အချို့က မတ်ဒီဆန် ကို ပွဲအစကတည်းက လှောင်ပြောင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)
21 Oct