“တရုတ်အိုးပင်း အမျိုးသမီးတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်(၁)မှ(၁၀)အတွင်း ကစားသမားအားလုံး ပါဝင်ကစားမည်”

20 Sep

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် တရုတ်အိုးပင်း အမျိုးသမီးတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲတွင် လက်ရှိကမ္ဘာ့အဆင့်(၁)မှ(၁၀)နေရာအတွင်း ရပ်တည်နေသည့် တင်းနစ်မယ်အားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု WTA အဖွဲ့ချုပ်က အတည်ပြုထားကြောင်း TNT Sports သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်ကကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲတွင် အမေရိကန်တင်းနစ်မယ်များဖြစ်သည့် ကိုကိုဂတ်ဖ် က ပီဂူလာ ကိုအနိုင်ရခဲ့ကာ ချန်ပီယံဆုဆွတ်ခူးထားပြီး ယခုနှစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံအဖြစ် ဝင်ရောက်ကစားမှာ ဖြစ်ပါတယ်။ တရုတ်အိုးပင်း အမျိုးသမီးတင်းနစ်ပြိုင်ပွဲက WTA 1000 အဆင့်ရှိပြိုင်ပွဲဖြစ်ပြီး လာမည့်အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက်ထိ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကျင်းပမည်ဖြစ်ကာ စုစုပေါင်းတင်းနစ်မယ် ၅၆ ဦး ပါဝင်ယှဉ်ပြိုင် ကြမှာဖြစ်ကြောင်း သိရပါတယ်။(NVS 008)

20 Sep

ADVERTISE HERE .