“သွင်းဂိုး ၁ဝဝ ကို ပွဲအနည်းဆုံးဖြင့်ပြည့်မြောက်သည့် ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ဟယ်ရီကိန်း”

20 Sep

ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟယ်ရီကိန်း အနေနဲ့ ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲတွင် သွင်းဂိုး ၁၀၀ ကို ပွဲအနည်းဆုံးဖြင့်ပြည့်မြောက်သည့် ကစားသမားအဖြစ် ရပ်တည်ခဲ့ကြောင်း B/RFootball သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နှင့် ယူနီယံဘာလင်အသင်းတို့ပွဲစဉ်တွင် ဟယ်ရီကိန်း က ပွဲချိန် ၃၉ မိနစ်တွင် ပင်နယ်တီမှ တစ်ဆင့် သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲတွင် သွင်းဂိုး ၁၀၀ ပြည့်မြောက်လာခဲ့ခြင်းဖြစ်ပါတယ်။ ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲတွင် သွင်းဂိုး ၁၀၀ ကို ပွဲအနည်းဆုံးဖြင့် ပြည့်မြောက်ခဲ့သည့် ကစားသမားအဖြစ် ၁၉၇၇ ခုနှစ်က မိန့်အသင်း ကစားသမားဟောင်း ဒီတာမူလာ က ၁၂၉ ပွဲဖြင့် ရပ်တည်နိုင်ခဲ့ပေမယ့် ယခုအခါ ဟယ်ရီကိန်း က ၉၈ ပွဲဖြင့်ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်း ဟာ ယူနီယံဘာလင်အသင်းနှင့်ပွဲစဉ်၌ ပွဲချိန် ၅၄ မိနစ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး ထပ်မံသွင်းယူခဲ့ပြီးနောက် အသင်းနှင့်အတူ ဂျာမန်ဘွန်ဒက်လီဂါသွင်းဂိုး ၁၀၁ ဂိုးထိရှိလာခဲ့ပြီး ယခုနှစ်ဘောလုံးရာသီ ပြိုင်ပွဲစုံ ခုနစ်ပွဲကစားပြီးချိန်တွင် သွင်းဂိုးငါးဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။(NVS 008)

20 Sep

ADVERTISE HERE .