“စပါးအသင်းက အီကာဒီ ကိုခေါ်ယူရန် စီစဉ်”

20 Sep

စပါးအသင်းက အသင်းလက်မဲ့ဖြစ်နေသော ဝါရင့်တိုက်စစ်မှူး အီကာဒီ ကိုခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူး အီကာဒီ ဟာ ကစားသမားဘဝတစ်လျှောက် အင်တာမီလန်၊ ဆမ်ဒိုးရီးယား၊ ပီအက်စ်ဂျီ၊ ဂါလာတာစာရေး စတဲ့ ကလပ်အသင်းများတွင်ကစားပြီး အတွေ့အကြုံရှိသော ကစားသမားတစ်ဦးဖြစ်လို့ စပါးအသင်းကခေါ်ယူရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူး အီကာဒီ အနေနဲ့ လက်ရှိအချိန်တွင် အသင်းလက်မဲ့ဖြစ်နေခြင်းကြောင့် စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။(NVS 008)

20 Sep

ADVERTISE HERE .