“ဒုတိယသမ္မတ ဦးညိုစော ချင်းကျိုးမြို့ရှိ ဖျင်လုတူးမြောင်းနှင့် အလိုအလျောက်စနစ်သုံး ကွန်တိန်နာဆိပ်ကမ်း တို့ကိုကြည့်ရှုလေ့လာပြီး ကွမ်ကျိုးမြို့တော်ဝန်အား လက်ခံတွေ့ဆုံ”

20 Sep

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစော သည် ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာလ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တော်ဝန် မစ္စတာ စွန်းကျီယန် အား လက်ခံတွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ ပင်လယ်ရေကြောင်းကုန်သွယ်မှု မြှင့်တင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။ စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ချင်းကျိုးမြို့ရှိ ကုန်တင် သင်္ဘောများ ဖြတ်သန်းသွားလာရေးအတွက် ပင်လယ်မှမြစ်သို့ တိုက်ရိုက်ဆက်သွယ်ထားသည့် ဖျင်လုတူးမြောင်း၏ မာတောက်(Madao)ဆုံမှတ်ကို သွားရောက်ကြည့်ရှုရာ ချင်းကျိုးဒေသခံပါတီနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြပြီး ဖျင်လုတူးမြောင်းစီမံကိန်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ရရှိသည့်အကျိုးကျေးဇူးများနှင့် ဖြတ်သန်းသွားလာ ခွင့်ပြုနိုင်သည့် သင်္ဘောအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ထို့နောက် ဒုတိယသမ္မတ က ချင်းကျိုးမြို့ရှိ ဥာဏ်ရည်တု(AI) နည်းပညာအသုံးပြု၍ အလိုအလျောက်စနစ်သုံး ကွန်တိန်နာဆိပ်ကမ်းနှင့် ဆိပ်ခံတံတားများကို သွားရောက်ကြည့်ရှုလေ့လာရာ ဒေသခံအာဏာပိုင်နှင့် ဆိပ်ကမ်း တာဝန်ရှိသူများက ပြည်တွင်းပြည်ပသင်္ဘောများ ဝင်ရောက်ဆိုက်ကပ်မှုအခြေအနေ၊ (AI)နည်းပညာအသုံးချ၍ ကုန်တင်ကုန်ချဆောင်ရွက်မှုအခြေအနေနှင့် ဒီဂျစ်တယ်နည်းပညာများအပါအဝင် ထိပ်တန်းနည်းပညာဆိုင်ရာ တီထွင် ဖန်တီးမှုများနှင့် အဆင့်မြင့်နည်းပညာဖြင့် ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းကလည်း ဒုတိယသမ္မတသည် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ လိယွမ်နိုင်ငံတကာကွန်ဖရင့်စင်တာ၌ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး မစ္စတာ ဝေထောင် အား လက်ခံတွေဆုံကာ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်မှု မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။(NVS 008)

20 Sep

ADVERTISE HERE .