“ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရာသီအစခုနစ်ပွဲဆက် အနိုင်ရရှိသည့် စံချိန်ကောင်းတစ်ရပ်ရရှိ”
18 Sep
ဘာစီလိုနာအသင်းအနေနဲ့ စပိန်လာလီဂါပြိုင်ပွဲ ပွဲစဉ်(၆)အဖြစ် ရေးဆင်းအသင်းနှင့်ပွဲစဉ်တွင် နိုင်ပွဲရရှိ ခဲ့ပြီးနောက် အသင်းသမိုင်းတစ်လျှောက် ရာသီအစ ပြိုင်ပွဲစုံခုနစ်ပွဲဆက် နိုင်ပွဲရရှိသည့် မှတ်တမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ လက်ရှိဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအနေနဲ့ နည်းပြ ဟန်ဆီဖလစ်လက်အောက်တွင် ရလဒ်များ ဆက်တိုက်ကောင်းမွန်နေပြီး လာလီဂါပွဲစဉ်များအဖြစ် အယ်ချီအသင်းကို ၅ ဂိုး၊ ဂိုးမရှိ၊ ဘီလ်ဘာအိုအသင်းကို ၂ ဂိုး၊ ဂိုးမရှိ၊ ဗယ်လ်ကာနိုအသင်းကို ၅ ဂိုး၊ ၂ ဂိုး၊ ဗလင်စီယာအသင်းကို ၅ ဂိုး၊ ဂိုးမရှိ၊ လီဗန်တေးအသင်းကို ၂ ဂိုး၊ ဂိုးမရှိ၊ ရေးဆင်းအသင်းကို ၇ ဂိုး၊ ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဖီယင်နုအသင်းကို ၅ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ရာသီအစ ပြိုင်ပွဲစုံခုနစ်ပွဲဆက် အနိုင်ရရှိတဲ့ မှတ်တမ်းကောင်းကို ရရှိခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်း တိုက်စစ်ပိုင်းကလည်း ပြိုင်ပွဲစုံခုနစ်ပွဲ ကစားပြီးချိန်တွင် သွင်းဂိုး ၃၁ ဂိုးအထိ သွင်းယူ ထားနိုင်ကာ ရာသီအစခုနစ်ပွဲတွင် သွင်းဂိုးအများဆုံး ဘောလုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။(NVS 008)