“ဂိုးသမား ဒင်းန်ဟန်ဒါဆန် ကို ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းတိုးလိုက်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း”

18 Sep

ခရစ္စတယ်ပဲလေ့စ်အသင်းက အင်္ဂလန်ဂိုးသမား ဒင်းန်ဟန်ဒါဆန် ကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ ဒင်းန်ဟန်ဒါဆန် က ခရစ္စတယ်ပဲလေ့စ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားရသူဖြစ်ပြီး လတ်တလော ရရှိထားတဲ့ အောင်မြင်မှုတွေမှာ အရေးပါတဲ့ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၈ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒင်းန်ဟန်ဒါဆန် ကို ခရစ္စတယ်ပဲလေ့စ်အသင်းက ၂၀၃၀ အထိ သက်တမ်းတိုးလိုက်ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ နော်တင်ဟမ်ဖောရက်စ်အသင်းက ဒင်းန်ဟန်ဒါဆန် ကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းက ငြင်းပယ်ခဲ့ပြီးနောက် သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

18 Sep

ADVERTISE HERE .