“တိုင်းရင်းဆေးပညာဆိုင်ရာဖိုရမ် ၂၀၂၆ သို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်”

18 Sep

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန်းရှီးပြည်နယ်၊ နန်ချန်းမြို့၊ Traditional Chinese Medicine Sci-Tech Innovation City Conference Center တွင် စက်တင်ဘာလ ၁၇ ရက်မှာကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် ရေးအဖွဲ့(SCO) တိုင်းရင်းဆေးပညာဆိုင်ရာဖိုရမ် ၂၀၂၆ သို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါတယ်။ ဖိုရမ်ဖွင့်ပွဲမှာ ဒုတိယဝန်ကြီး က အမှာစကား ပြောကြားခဲ့ပါတယ်။ အဆိုပါဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီနှင့် ကျန်းရှီးပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံ များမှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ တက္ကသိုလ် များမှ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာပညာရှင်များ၊ တိုင်းရင်းဆေးထုတ်လုပ်မှုနှင့်စက်မှုနယ်ပယ်မှ အသိပညာ၊ အတတ်ပညာရှင်များ တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါဖိုရမ်က တိုင်းရင်းဆေးပညာပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန်နှင့်လူသားအားလုံး၏ ပြည်သူ့ကျန်းမာရေးကို မြှင့်တင်ရန်အတွက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ၏ ခိုင်မာသော ကတိကဝတ်ကို ထင်ဟပ်စေပြီး ယခုနှစ်ဆောင်ပုဒ်ဖြစ်တဲ့ "Empowering Traditional Medicine with Modern Technology to Co-build Human Health for All" သည်ခေတ်ကာလနှင့် လျော်ညီကာ ရှေးဟောင်းတိုင်းရင်းဆေးပညာအသိပညာများကို ထိန်းသိမ်းရန်နှင့် ခေတ်မီသိပ္ပံနှင့်နည်းပညာ၏ ပြောင်းလဲတိုးတက်မှု စွမ်းအားများကို ပေါင်းစပ်အသုံးပြုရန် ရည်ရွယ်ကြောင်း သိရပါတယ်။ မွန်းလွဲပိုင်းမှာ ဒုတိယ ဝန်ကြီးနှင့်အဖွဲ့က ဖိုရမ်တက်ရောက်သူများနှင့်အတူ နန်ချန်းတိုင်းရင်းဆေးရုံ၌ ကျင်းပဆောင်ရွက်လျက်ရှိသော တိုင်းရင်းဆေးပညာရက်သတ္တပတ် အစီအစဉ်၊ နန်ချန်းမြို့၌ ဆက်လက် ကျင်းပသည့် New Policies, Standards, Technologies and Products of Traditional Medicine ဖွင့်ပွဲတို့ကို တက်ရောက်ခဲ့ကြောင်းသိရပါတယ်။ (NVS 008)

18 Sep

ADVERTISE HERE .