“ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို ဆွေးနွေး”

18 Sep

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်တဲ့အချက်များကို အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များ စက်တင်ဘာလ ၁၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံစဥ် နိုင်ငံရေးပါတီ ၃၂ ပါတီမှ ကိုယ်စားလှယ်များက ယခင်လက်မှတ်ရေးထိုးခဲ့တဲ့ Bilateral ကိစ္စရပ် များ၊ ငြိမ်းချမ်းရေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ ငြိမ်းချမ်းရေး စကားဝိုင်းများကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မီဒီယာများ၏အခန်းကဏ္ဍ အရေးပါပုံ၊ အငြင်းပွားမှုများကို ဥပဒေနှင့်အညီဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေး၊ နိုင်ငံရေးပါတီများပါဝင်မှု နှင့်ပတ်သက်ပြီး လုပ်ထုံးလုပ်နည်း၊ စည်းကမ်းသတ်မှတ်ချက်များသတ်မှတ်ပေးနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်လာနိုင်ရေး၊ နိုင်ငံရေးပါတီများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နိုင်မည့်နည်းလမ်းများ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များ၊ ပြည်သူလူထုအား အသိပညာပေးဆောင်ရွက်မှုလုပ်ဆောင်နိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်သင့်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး အတွက် အမြင်သဘောထားများကို ဆွေးနွေးခဲ့ပါတယ်။ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)တို့ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြပါတယ်။ (NVS 008)

18 Sep

ADVERTISE HERE .