“လာမည့်နွေရာသီအမီ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်နေတဲ့စီမံကိန်းများ အချိန်မီ ပြီးစီးရေး ကြိုးစားဆောင်ရွက်ရန်မှာကြား”
18 Sep
လာမည့်နွေရာသီအမီ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးနိုင်ရေးအတွက် ဆောင်ရွက်နေသည့်စီမံကိန်းများ အချိန်မီပြီးစီးရေးကြိုးစားဆောင်ရွက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က စက်တင်ဘာလ ၁၆ ရက်မှာ နေပြည်တော်ရှိ ပင်မဓာတ်အားခွဲရုံကြီးများအား ကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ပါတယ်။ ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံနှင့် ရွှေမြို့ပင်မဓာတ်အားခွဲရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ယခုနှစ်သည် အယ်နီညိုဖြစ်စဉ် ဖြစ်ပေါ်နိုင်ကြောင်းခန့်မှန်းထား၍ ရေလှောင်တမံကြီးများတွင် ရေလျော့နည်းလာမှုအခြေအနေ အား အထူးသတိထားစောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး လာမည့်နွေရာသီအမီ လျှပ်စစ်ဓာတ်အားတိုးမြှင့် ဖြန့်ဖြူးနိုင်ရန်ဆောင်ရွက်နေသည့် စီမံကိန်း များ အချိန်မီပြီးစီးရေးကို ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကာ System Breakdown ဖြစ်ပေါ်မှုသည် ဓာတ်အားစနစ် တွင် လက်ခံနိုင်စရာမရှိသဖြင့် ပပျောက်စေရေးဆောင်ရွက်လျက်ရှိရာ အချိန်ကာလတစ်ခုကြာမြင့်မယ်လို့ ပြောကြားခဲ့ ပါတယ်။ ဒါကြောင့် ယင်းအချိန်၌ နိုင်ငံတော်၏ အရေးကြီးနေရာများတွင် ဓာတ်အားပြတ်တောက်မသွားစေရေးနှင့် ဓာတ်အားစနစ် အမြန်ဆုံးပြန်လည်မောင်းနှင်နိုင်ရေးအတွက် Battery Energy Stroage System (BESS)စနစ်နဲ့ ဆောင်ရွက်သွားနိုင်ရန် စီမံလျက်ရှိရာ ဓာတ်အားပေးရမည့် နေရာများအလိုက် အနည်းဆုံးလိုအပ်မည့် ဝန်အားများကို တိကျစွာတွက်ချက်ထားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)