“၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲ နိုဝင်ဘာလ ၁၈ ရက်မှာ စတင်ကျင်းပမည်”
18 Sep
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့မှာ ကျင်းပတဲ့ ၂၀၂၆ ခုနှစ် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၈ ရက်မှ စတင်မှာ ဖြစ်ပါတယ်။ ပွဲတော်ကို တောင်ကြီးမြို့၊ အဝေရာမီးပုံပျံကွင်းမှာ နိုဝင်ဘာလ ၁၈ မှ ၂၄ ရက်အထိ ၇ ရက်တိုင်တိုင် ကျင်းပ သွားမည်ဖြစ်ကြောင်း ရိုးရာမီးပုံးပျံပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီမှ သတင်းထုတ်ထားပြန်ပါတယ်။ အဆိုပါပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင်မီးပုံးပျံစာရင်းများကို စက်တင်ဘာလ ၁၇ ရက်မှစတင်၍ အဝေရာမီးပုံးပျံကွင်းမှာ လက်ခံ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပြိုင်ပွဲဝင် မီးပုံးပျံအရေအတွက်နှင့် ရာသီဥတု အခြေအနေပေါ်မူတည်၍ ပွဲရက်များ တိုးမြှင့်ကျင်းပသွားဖွယ် ရှိကြောင်း သတင်းနှင့် ပြန်ကြားရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြိုင်ပွဲအပြီး ထူးချွန်ဆုရရှိသည့် မီးပုံးပျံများအတွက် ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်မှာ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းထံမှ သိရပါတယ်။ (NVS 008)