“အောက်တိုဘာလ ၁ ရက်မှစတင်၍ အဝေးသင်ကျောင်းသား/သူများ စာမေးပွဲဖြေဆိုရမည်”

18 Sep

အောက်တိုဘာလ ၁ ရက်မှစတင်၍ အဝေးသင်တက္ကသိုလ်တက်ရောက်လျက်ရှိတဲ့ ကျောင်းသား/သူများ စာမေးပွဲဖြေဆိုရမည့်ရက်များကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက စက်တင်ဘာလ ၁၇ ရက်မှာ အသိပေး ကြေညာခဲ့ပါတယ်။ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ၂၀၂၆ ပညာသင်နှစ်၊ အဝေးသင်သင်တန်းများဖြစ်တဲ့ ပထမအသုတ် အဝေးသင်သိပ္ပံအထူးပြုဘာသာရပ်များအားလုံးက အောက်တိုဘာလ ၁ ရက်မှ ၇ ရက်အထိ ဖြေဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယအသုတ် အဝေးသင်ဝိဇ္ဇာအထူးပြုဘာသာရပ်များဖြစ်သော အင်္ဂလိပ်စာ၊ ဥပဒေ၊ ပထဝီ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒ ကျောင်းသား/သူများက အောက်တိုဘာလ ၂၂ ရက်မှ ၃၀ ရက်အထိ ဖြေဆိုရမှာ ဖြစ်ပါတယ်။ တတိယအသုတ် အဝေးသင်ဝိဇ္ဇာအထူးပြုဘာသာရပ်များဖြစ်သော မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာ၊ စီးပွားစီမံပညာ ကျောင်းသား/သူများသည် နိုဝင်ဘာလ ၁၆ ရက်မှ ၂၅ ရက်အထိ ဖြေဆိုရမှာဖြစ်ပါတယ်။ (NVS 008)

18 Sep

ADVERTISE HERE .