“ရှီကျင့်ဖျင် ၏ အမေရိကန်ခရီးစဉ်တွင် နှစ်နိုင်ငံကြားစစ်ရေးအရ ဆက်ဆံရေးတိုးမြှင့်ဖွယ်ရှိ”

18 Sep

တရုတ်သမ္မတ ရှီကျင့်ဖျင် ၏ အမေရိကန်နိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံကြား စစ်ရေးအရဆက်ဆံရေးကို တိုးမြှင့်ဖွယ်ရှိပြီး ထိုအစီအစဉ်အတွက် ရည်ရွယ်သည့် အစီအမံများကို ထုတ်ပြန်သွားနိုင်ဖွယ်ရှိကြောင်း အဆိုပါ ဆွေးနွေးမှုများနှင့် နီးစပ်သူများ၏ပြောဆိုမှုကို ကိုးကား၍ South China Moming Post က စက်တင်ဘာလ ၁၇ ရက်တွင် ဖော်ပြထားသည်။ ဆွေးနွေးနေသည့် အစီအမံများအနက် နှစ်နိုင်ငံစစ်ဘက်များကြား ဆက်သွယ်ရေးလမ်းကြောင်းများကို ပိုမိုအသက်ဝင်စေရန်နှင့် လက်ရှိသုံးနေသည့် ဆက်သွယ်ရေးယန္တရားများကို အားကောင်းစေရန်ဆောင်ရွက်ရေး ပါဝင်ကြောင်းသိရသည်။ ထို့ပြင် နှစ်နိုင်ငံစစ်ဘက်အရာရှိများကြား အဆင့်အမျိုးမျိုးဖြင့် ဆက် သွယ်ဆွေးနွေးမှုများ ရှိနေပြီး လွန်ခဲ့သည့်လများအတွင်း ထိတွေ့ဆက်ဆံမှုအကြိမ်ရေနှင့် အဆင့်အတန်းမှာလည်း သိသိသာသာမြင့်တက် လာကြောင်း သတင်းတွင် ဖော်ပြထားသည်။ ထို့ပြင် တရုတ်(တိုင်ပေ)သို့ အမေရိကန်၏ လက်နက်ရောင်းချမှုနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်တွင် ရပ်ဆိုင်း ခဲ့သည့် လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရေးကိုလည်း နှစ်နိုင်ငံက ဆွေးနွေးနေကြောင်း သိရသည်။ နှစ်နိုင်ငံကြား မဟာဗျူဟာနှင့် လုံခြုံရေးဆိုင်ရာပြိုင်ဆိုင်မှုများ ဆက်လက်ရှိနေသော်လည်း စစ်ဘက် ဆိုင်ရာ ဆက်သွယ်ရေးများ တိုးမြှင့်လာခြင်းသည် နှစ်နိုင်ငံကြား အထင်အမြင်လွဲမှားမှုများနှင့် မလိုလားအပ်သည့် ထိပ်တိုက်တွေ့ဆုံမှုများကို လျှော့ချရန် အရေးပါသည့်လမ်းကြောင်းတစ်ရပ် ဖြစ်လာနိုင်ကြောင်း သိရသည်။

18 Sep

ADVERTISE HERE .