“ငွေကြေးဖောင်းပွမှုထိန်းချုပ်ရန် အမေရိကန်ဗဟိုဘဏ် မူဝါဒအတိုးနှုန်း ပြန်လည်မြှင့်တင်”

18 Sep

အမေရိကန်ဗဟိုဘဏ်သည် နိုင်ငံအတွင်းမြင့်တက်နေသော ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်ရန်နှင့် စင်ကာပူအပါအဝင် အခြားဗဟိုဘဏ်များ၏ ငွေကြေးမူဝါဒနှင့် ဟန်ချက်ညီစေရန်အတွက် မူဝါဒအတိုးနှုန်းကို အခြေခံပွိုင့် ၂၅ ပွိုင့် (သုည ဒသမ ၂၅ ရာခိုင်နှုန်း) ထပ်မံမြှင့်တင်လိုက်ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ ထိုသို့ အတိုးနှုန်းမြှင့်တင်လိုက်ခြင်းသည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်မြှင့်တင်ခြင်း ဖြစ်ပြီး အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌဦးဆောင်သည့် မူဝါဒကော်မတီက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အတိုးနှုန်းကို ၃ ဒသမ ၇၅ ရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းထိ တိုးမြှင့် လိုက်ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း အတိုးနှုန်းကို နောက်ထပ်တစ်ကြိမ် ထပ်မံမြှင့်တင်နိုင်ဖွယ်ရှိကြောင်းလည်း အရိပ်အမြွက် ပြောကြားခဲ့သည်။ အတိုးနှုန်း တိုးမြှင့်လိုက်သည့်သတင်းကြောင့် စတော့ဈေးကွက်များနှင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ခေတ္တမျှ လှုပ်ခတ်သွားခဲ့သော်လည်း စင်ကာပူဒေါ်လာနှင့် အာရှစတော့ဈေးကွက်များမှာ ပြန်လည်တည်ငြိမ်လာ ခဲ့ကြောင်းသိရသည်။

18 Sep

ADVERTISE HERE .