၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်အတွက် ထူးခြားထင်ရှား Breakfast သတင်းများ
18 Sep
မြဝတီမီဒီယာစင်တာ Novel Star News Agency ယနေ့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်အတွက် ထူးခြားထင်ရှား Breakfast သတင်းများ ပြည်တွင်းသတင်း မြန်မာနိုင်ငံရေးပါတီများနှင့် ငြိမ်းချမ်းရေးကော်မတီတို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) သည် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်း ပြည်တွင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။ သတင်းရင်းမြစ် - Gibal New Light of Myanmar ကမ္ဘာ့သတင်း ကမ္ဘာ့ဝိရောဓိများ ကွဲပြားနေမှုသည် ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် သတိပေး ရာထူးသက်တမ်း ကုန်ဆုံးတော့မည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က နက်ရှိုင်းသော ပထဝီနိုင်ငံရေးကွဲပြားမှုများကို သတိပေးခဲ့ပြီး ပဋိပက္ခများ၊ ရာသီဥတုပြောင်းလဲမှု၊ မညီမျှမှုများနှင့် AI နည်းပညာတို့အပေါ် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် တိုက်တွန်းခဲ့သည်။ သတင်းရင်းမြစ် - AP စီးပွားရေးနှင့် ဘဏ္ဍာရေး ဂျပန်ဗဟိုဘဏ် ဆုံးဖြတ်ချက်ကို စောင့်ကြည့်နေစဉ် အာရှ စတော့ရှယ်ယာများ မြင့်တက် ဂျပန်ဗဟိုဘဏ်၏ အတိုးနှုန်းတိုးမြှင့်မည့် ဆုံးဖြတ်ချက်ကို ရင်းနှီးမြုပ်နှံသူများက အာရုံစိုက်နေချိန်တွင် ရေနံဈေးနှုန်း များ အနည်းငယ်ကျဆင်းသွားပြီး အာရှစတော့ရှယ်ယာများ မြင့်တက်လာခဲ့သည်။ သို့သော် ရေနံဈေးနှုန်း မြင့်မား နေခြင်းနှင့် ကမ္ဘာ့ချေးငွေစရိတ် မြင့်မားနေခြင်းတို့သည် ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးတိုးတက်မှုအတွက် အဓိက စိန်ခေါ်မှုအဖြစ် ဆက်လက်ရှိနေသည်။ သတင်းရင်းဖြစ် - Reuters နည်းပညာ ကဏ္ဍ OpenAI က စိုးရိမ်ဖွယ်ရာ AI ပြုမူပုံများကို ထုတ်ဖော်ပြောကြားပြီး စောင့်ကြည့်မှုများ တိုးချဲ့ OpenAI သည် မျှော်လင့်မထားသော သို့မဟုတ် စိုးရိမ်ဖွယ်ရာ မော်ဒယ်ပြုမူပုံ ၆ မှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး ထိုကဲ့သို့သော ဖြစ်စဉ်များကို ခြေရာခံစုံစမ်းစစ်ဆေးနိုင်မည့် မူဘောင်တစ်ခုကို မိတ်ဆက်ခဲ့သည်။ ယင်းက ပိုမို စွမ်းဆောင်ရည်မြင့်မားလာသော AI စနစ်များအပေါ် ထိန်းချုပ်ကွပ်ကဲရေးဆိုင်ရာ ငြင်းခုံမှုများကို ပိုမိုအားကောင်း လာစေခဲ့သည်။ သတင်းရင်းမြစ် - AP နိုင်ငံရေးကဏ္ဍ ရှီကျင်းဖိန်နှင့် ထိပ်သီးအစည်းအဝေးမတိုင်မီ ထရန့်၏ ထိုင်ဝမ်အပေါ် ရပ်တည်ချက်ကို အာရှမဟာမိတ်များ စောင့်ကြည့် ဒေါ်နယ်ထရန့်နှင့် ရှီကျင်းဖိန်တို့ တွေ့ဆုံမည့် အစည်းအဝေးတွင် အမေရိကန်၏ ထိုင်ဝမ်ဆိုင်ရာ မူဝါဒအပြောင်းအလဲ ရှိမရှိကို အာရှရှိ တာဝန်ရှိသူများနှင့် လေ့လာသူများက စောင့်ကြည့်လျက်ရှိကြသည်။ ထိုင်ဝမ်သည် အမေရိကန်-တရုတ် ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ကျယ်ပြန့်သောညှိနှိုင်းမှုများ၏ အစိတ်ပိုင်းတစ်ခု ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။ သတင်းရင်းမြစ် - Reuters ကျန်းမာရေးကဏ္ဍ ကောင်းမွန်သည့်လက္ခဏာအချို့ တွေ့ရသော်လည်း ကွန်ဂိုနိုင်ငံ၏ အီဘိုလာရောဂါကူးစက်မှုမှာ စိုးရိမ်ရသည့် အခြေအနေတွင် ဆက်လက်ရှိနေ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(DR Congo)တွင် အီဘိုလာရောဂါကူးစက်ပြန့်ပွားမှုသည် စိုးရိမ်ဖွယ်ရာ အခြေအနေ တွင် ဆက်လက်ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အားတက်ဖွယ် လက္ခဏာအချို့ကို တွေ့ရှိထားသော်လည်း ကျန်းမာရေး အာဏာပိုင်များကမူ ကူးစက်မှုများ ဆက်လက်ရှိနေကြောင်းနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများတွင် လိုအပ်ချက်များရှိနေသေးကြောင်း သတင်းထုတ်ပြန်ထားသည်။ သတင်းရင်းမြစ် - Reuters သိပ္ပံနှင့်နည်းပညာ လမျက်နှာပြင်ပေါ်ရှိ တွင်းကြီးတစ်ခုကို NASA ၏ ဂြိုဟ်တုက ရှာဖွေတွေ့ရှိ NASA ၏ Lunar Reconnaissance Orbiter (LRO) ဂြိုဟ်တုသည် ၂၀၂၄ ခုနှစ်အတွင်း ဥက္ကာပျံ သို့မဟုတ် ကြယ်တံခွန် အပိုင်းအစ ထိမှန်မှုကြောင့် ဖြစ်ပေါ်လာသည့် အချင်း ၂၂၂ မီတာ (၇၂၈ ပေ) ခန့်ရှိသော တွင်းကြီးတစ်ခုကို စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းကဲ့သို့ ဖြစ်တောင့်ဖြစ်ခဲ ကြီးမားသည့် ထိမှန်မှုဖြစ်စဉ်သည် အနာဂတ် လကမ္ဘာ အခြေခံအဆောက်အအုံများအတွက် ထိခိုက်နိုင်ခြေ အန္တရာယ်များကို သိပ္ပံပညာရှင်များ သုံးသပ်တွက်ချက်ရာတွင် အထောက်အကူပြုမည်ဖြစ်သည်။ သတင်းရင်းမြစ် - AP အားကစားကဏ္ဍ ဖွင့်ပွဲအခမ်းအနား မတိုင်မီ အာရှအားကစားပြိုင်ပွဲများ စတင်ယှဉ်ပြိုင် ဂျပန်နိုင်ငံ၊ အိုင်ချီနာဂိုယာ (Aichi Nagoya) ၌ ကျင်းပမည့် အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်တွင် တရားဝင် စတင်ဖွင့်လှစ်မည်ဖြစ်သော်လည်း ဘောလုံးပြိုင်ပွဲ အပါအဝင် အချို့သော အားကစားနည်းများ၏ အုပ်စုပတ်လည်ပွဲစဉ်များကို စတင်ယှဉ်ပြိုင်နေကြပြီဖြစ်သည်။ သတင်းရင်းမြစ် Olympics.com ဖျော်ဖြေရေးနှင့် အနုပညာ ဆောင်းဦးရာသီ ရုပ်ရှင်ပွဲတော်က စက်တင်ဘာမှ နိုဝင်ဘာလအထိ ရုပ်ရှင်ဇာတ်ကား အများအပြားကို ပြသမည် ဟောလီးဝုဒ်နှင့် ရုပ်ရှင်ချစ်ပရိသတ်များအတွက် စက်တင်ဘာလမှစ၍ သုံးလတာကာလအတွင်း ရုပ်ရှင်ရုံများ၌ ပြသမည်ဖြစ်သလို Streaming များမှတစ်ဆင့် ထုတ်လွှင့်မည့် ရုပ်ရှင်ဇာတ်ကားကြီးများ များပြားစွာပါဝင်သည့် ဆောင်းဦးရာသီ ရုပ်ရှင်ပြသပွဲအစီအစဉ်များ စတင်နေပြီဖြစ်သည်။ သတင်းရင်းမြစ် - AP ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် အယ်လ်နီညို ဖြစ်စဉ် ပြင်းထန်လာနိုင်သဖြင့် အာရှနိုင်ငံများ ကြိုတင်ပြင်ဆင် ပစိဖိတ်သမုဒ္ဒရာ ရေပြင်အပူချိန် ပုံမှန်ထက် မြင့်တက်လာမှုသည် ကမ္ဘာ့ပူနွေးလာမှုနှင့်အတူ အယ်လ်နီညို (El Nino) ဖြစ်စဉ်၏ ဘေးအန္တရာယ်များကို ပိုမိုပြင်းထန်စေသဖြင့် အာရှတစ်ဝန်းရှိ အစိုးရများသည် အပူလှိုင်း၊ မိုးခေါင်ရေရှားမှု၊ မုန်တိုင်းနှင့် အစားအစာလုံခြုံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကို ပိုမိုအားကောင်းအောင် ဆောင်ရွက်လျက် ရှိကြသည်။ သတင်းရင်းမြစ် - The Guardian ခရီးသွားလာရေး မြန်မာ-ဗီယက်နမ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် မြင့်တက်လာ မြန်မာနှင့် ဗီယက်နမ် ခရီးသွားလုပ်ငန်းရှင်များသည် ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်း အောင် ဆောင်ရွက်လျက်ရှိပြီး၊ မကြာသေးမီက ဒါနန်း(Da Nang)၊ ဟွေး(Hue) နှင့် ဟိုအန်း(Hoi An) မြို့များသို့ မြန်မာ ခရီးသွားများ သွားရောက်လည်ပတ်ရန် မြှင့်တင်ရေးနှင့် ဈေးကွက်နှစ်ခုအကြား ဆက်သွယ်မှုများကို တိုးချဲ့ဆောင်ရွက် လျက်ရှိသည်။ သတင်းရင်းမြစ် - Global New Light of Myanmar နေထိုင်မှုပုံစံနှင့် ကျန်းမာရေး သွေးတိုးနှင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးရန် အရေးကြီးကြောင်း မီးမောင်းထိုးပြ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါတို့သည် သိသာထင်ရှားသော ရောဂါလက္ခဏာများမပြဘဲ တိုးတက်ဖြစ်ပွားနိုင်သဖြင့် နောက်ဆက်တွဲပြဿနာများကို စောစီးစွာဖော်ထုတ်နိုင်ရန်နှင့် ကာကွယ်နိုင်ရန်အတွက် ပုံမှန်သွေးတိုးနှင့် သွေးတွင်း ဂလူးကိုးစ်ဓာတ် တိုင်းတာစစ်ဆေးမှုပြုလုပ်ရန် အရေးကြီးကြောင်း ကျန်းမာရေးဆောင်းပါးတစ်ခုတွင် ထုတ်ဖော် ရေးသားထားသည်။ သတင်းရင်းမြစ် - Myanmar Digital News ပညာရေးကဏ္ဍ ကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်ခြင်းအတွက် စံချိန်စံညွှန်းများကို မြန်မာနိုင်ငံက တင်းကြပ် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍ အုပ်ချုပ်ကွပ်ကဲမှုကို တင်းကြပ်လျက်ရှိရာ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီကြောင်း အတည်ပြုပြီးသည့် ကိုယ်ပိုင်ပညာရေးအဖွဲ့အစည်းများကိုသာ လာမည့်နှစ်တွင် မှတ်ပုံတင်ခွင့်ပြုမည်ဟု ပြောကြားခဲ့သည်။ သတင်းရင်းဖြစ် - Global New Light of Myanma ပြစ်မှုနှင့် တရားမျှတမှု ရန်ကုန်တွင် တရားမဝင် အွန်လိုင်းလောင်းကစား ဖမ်းဆီးရေးအတွင်း လူ ၃၆ ဦး ဖမ်းဆီးခံရ ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင် အွန်လိုင်းလောင်းကစား လုပ်ငန်းများကို စုံစမ်းစစ်ဆေးရာမှ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၂၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ဘဏ်အကောင့် ၁၂ ခုရှိ ငွေကျပ် ၃၉၆.၈ သန်းခန့်ကို ထိန်းချုပ်ထားပြီး ကျန်ရှိသည့် သံသယရှိသူများကိုလည်း ဆက်လက်စုံစမ်းလျက်ရှိကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။ သတင်းရင်းမြစ် - Myanmar Gegen Ne မော်တော်ယာဉ်ကဏ္ဍ Myanmar Premium Car Expo 2026 ကို ရန်ကုန်မြို့၌ ကျင်းပရန် ပြင်ဆင် Myanmar Premium Car Expo ကို စက်တင်ဘာ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပရန် စီစဉ်ထားပြီး၊ အဆင့်မြင့် မော်တော်ယာဉ်များ၊ လျှပ်စစ်ကား(EV)များ၊ စမတ်မော်တော်ယာဉ် နည်းပညာများကို ပြသမည်ဖြစ်ကာ လက်တွေ့စမ်းသပ်မှုများနှင့် လုပ်ငန်းရှင်များအကြား ကွန်ရက်ချိတ်ဆက်မှုများကိုလည်း ထည့်သွင်း ပြုလုပ်သွားမည်ဖြစ်သည်။ သတင်းရင်းမြစ် - Good New Light of Myanmar