“လိဂ်ဖလားစတုတ္ထအဆင့်မှာ လီဗာပူးလ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေ”

17 Sep

၂၀၂၆-၂၇ ရာသီလိဂ်ဖလားပြိုင်ပွဲရဲ့ စတုတ္ထအဆင့်အတွက် မဲခွဲပွဲကို ပြုလုပ်ခဲ့ရာမှာ ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ ထိပ်တွေ့ဆုံနေခဲ့ပါတယ်။ လီဗာပူးလ်အသင်းက တတိယအဆင့်မှာလည်း ပရီးမီးယားလိဂ်ထိပ်သီး စပါးအသင်းနဲ့ ဆုံတွေ့ခဲ့ရပြီး အခု စတုတ္ထအဆင့်မှာ ပွဲကျပ် ထပ်ကစားရမယ့် အခြေအနေဖြစ်နေပါတယ်။ အာဆင်နယ်အသင်းကတော့ League Two ကလပ် ဖလိဝုဒ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လိဂ်ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းက နောဝစ်ချ်အသင်းကို အနိုင်ရရှိကာ စတုတ္ထအဆင့်ကို တက်ရောက်နိုင်ခဲ့ပါက မန်ယူအသင်းကို အနိုင်ရရှိခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ လိဂ်ဖလားစတုတ္ထအဆင့်ပွဲစဉ်တွေကို အောက်တိုဘာလ နောက်ဆုံးပတ်မှာ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

17 Sep

ADVERTISE HERE .