“ဒူးမားလွှတ်တော်ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ် တက်ရောက်ရန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ရုရှားနိုင်ငံသို့ ထွက်ခွာ”
17 Sep
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း က ရုရှားနိုင်ငံ ဒူးမားလွှတ်တော်၏ (၉) ကြိမ်မြောက် လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ်တက်ရောက်ရန် စက်တင်ဘာလ ၁၆ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ရုရှားနိုင်ငံမော်စကိုမြို့သို့ ထွက်ခွာခဲ့ပါတယ်။ အခုခရီးစဉ်က ရုရှားနိုင်ငံ State Duma ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး ဦးမောင်မောင်အုန်း က ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ် တက်ရောက်မှာ ဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှတာဝန်ရှိသူများနှင့် ပြည်သူ့လွှတ်တော်ရုံး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)