“နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှု၍ အမေရိကန်နိုင်ငံသား Adam Michael Castillo ကို ပြည်နှင်စေလွှတ်”

17 Sep

မြန်မာနိုင်ငံနှင့်အမေရိကန်ပြည်ထောင်စုတို့အကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးကို ရှေးရှု၍ အမှုဖွင့် အရေးယူခံထားရတဲ့ အမေရိကန်နိုင်ငံသား Adam Michael Castillo ကို စက်တင်ဘာလ ၁၆ ရက်မှာ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်စေလွှတ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေနဲ့ ကမ္ဘာ့နိုင်ငံအားလုံးနှင့် သံတမန်ဆက်ဆံရေးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုကာချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်လျက်ရှိတဲ့ အားလျော်စွာ အမေရိကန် နိုင်ငံသား Adam Michael Castillo ကို ပြည်နှင်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ Adam Michael Castillo က The American Chamber of Commerce in Myanmar (မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း)၏ ဖွဲ့စည်းပုံစည်းမျဉ်းပါ ကန့်သတ်ညွှန်ကြားချက်များကို ဖောက်ဖျက် ကျူးလွန် ခဲ့သည်ဆိုသည့် စွပ်စွဲချက်နဲ့ ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်မှာ ပန်းဘဲတန်းမြို့မရဲစခန်း၌ (ပ)၆၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်အရေးယူခံထားရသူဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ အခုလိုအမှုဖွင့်အရေးယူထားပေမယ့် မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုဆက်ဆံရေးကို ရှေးရှု၍ Adam Michael Castilloကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စက်တင်ဘာလ ၁၆ ရက်နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်နှင်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

17 Sep

ADVERTISE HERE .