“ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနှင့်မြန်မာတို့ဆွေးနွေး”
17 Sep
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးဇော်ဇော်စိုးမှထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ စက်တင်ဘာလ ၁၆ ရက်က ထိုင်းအလုပ်သမားဝန်ကြီးဌာနမှာတွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံချိန်မှာ နှစ်နိုင်ငံအလုပ်သမားဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများကြား ဆက်လက် တွန်းအားပေးဆောင်ရွက်ရမည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားစာရင်းကောက်ခံရေးကို ဆွေးနွေးခဲ့ ကြပါတယ်။ ဒါ့အပြင် ပြည်ပလုပ်သားတရားဝင်လွှဲပြောင်းငွေဆိုင်ရာများ၊ တရားဝင်အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု မြှင့်တင်ရေး၊ အလုပ်သမားစီမံခန့်ခွဲမှု ပိုမိုထိရောက်မှုရှိစေရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေး တို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)
17 Sep