“ဂါဇာဒေသတွင် စစ်ဆင်ရေးအဆုံးသတ်ပြီး ပါလက်စတိုင်းပြည်သူများကို ဖယ်ရှားသွားမည်ဟု အစ္စရေးပြော”

17 Sep

အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ် သည် ဂါဇာကမ်းမြောင်ဒေသတွင် စစ်ဆင်ရေးကို အဆုံးသတ် အောင်ဆောင်ရွက်ပြီး ထိုနေရာရှိ ပါလက်စတိုင်းပြည်သူများကို အခြားဒေသများသို့ ရွှေ့ပြောင်းဖယ်ရှားစေရန် စီစဉ်သွားမည်ဟု စက်တင်ဘာလ ၁၅ ရက်တွင်ပြောသည်။ ဟားမတ်အဖွဲ့ကို လက်နက်ဖျက်သိမ်းရေးဟူသောရည်မှန်းချက်မှာ အကောင်အထည်ပေါ်လာနိုင်မည် မဟုတ် ကြောင်း ကတ် ကပြောပြီး အစ္စရေးတပ်မတော်အနေဖြင့် ဟားမတ်အဖွဲ့ကိုချေမှုန်းရန် ညွှန်ကြားချက်ရရှိပါက စစ်ဆင်ရေးကို အဆုံးသတ်နိုင်ရန် အသင့်ရှိနေကြောင်း ၎င်းကပြောသည်။ ထို့နောက် ပါလက်စတိုင်းပြည်သူများကို ရွှေ့ပြောင်းစေမည့်အစီအစဉ်ကိုလည်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ကတ် ကဆိုသည်။ အစ္စရေးနိုင်ငံတွင် လာမည့်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအရဆွေးနွေးမှုများနှင့် နိုင်ငံရေးရေချိန်မြင့်တက်နေ သည့်အချိန်တွင် ကတ် ၏ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် ဂါဇာဒေသနယ်မြေ ၇၀ ရာခိုင်နှုန်းခန့်ရှိ နေထိုင်သူများအားလုံးကို ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်းလည်း ကတ် ကပြောထားသည်။ အစ္စရေးအစိုးရသည် ပါလက်စတိုင်းပြည်သူများ၏ ရွှေ့ပြောင်းမှုကို ၎င်းတို့၏ဆန္ဒအလျောက်သာဖြစ်စေရန် ရည်ရွယ်ကြောင်း ပြောဆိုထားသော်လည်း ဂါဇာဒေသတွင်နေထိုင်သော လူဦးရေနှစ်သန်းဝန်းကျင်၏ ဘဝရပ်တည်မှု အခြေအနေမှာ စစ်ပွဲကြောင့် ဆိုးရွားနေဆဲဖြစ်သည်။ အလားတူ ပါလက်စတိုင်းပြည်သူများကို ၎င်းတို့၏ဆန္ဒမပါဘဲ အတင်းအကျပ် နေရာရွှေ့ပြောင်းစေမည့် အစီအစဉ်ကို ထောက်ခံခြင်းမရှိကြောင်း အမေရိကန်ဘက်ကလည်း ပြောထားသည်။

17 Sep

ADVERTISE HERE .