“ဥရောပက ရုရှားကိုတိုက်ခိုက်လာပါက စစ်ပွဲတိုတောင်းမည်ဟု လက်ရော့ ပြော”
17 Sep
ရုရှားနိုင်ငံအနေဖြင့် ဥရောပနိုင်ငံများကိုတိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်း၊ သို့သော် ဥရောပဘက်က ရုရှားကို စစ်ရေးအရ တိုက်ခိုက်လာပါက ဖြစ်ပေါ်လာမည့်စစ်ပွဲသည် အချိန်ကြာမြင့်မည်မဟုတ်ဘဲ တိုတောင်းစွာ ပြီးဆုံးနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ က စက်တင်ဘာလ ၁၆ ရက်တွင်ပြောသည်။ ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် ဥရောပနှင့် ပဋိပက္ခဖြစ်ပွားလာမည်ကို မလိုလားဘဲ နိုင်ငံများကြား လုံခြုံရေးနှင့် နိုင်ငံရေးဆိုင်ရာပြဿနာများကို ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ဖြေရှင်းသွားရန်လိုလားကြောင်းလည်း လက်ရော့ က ပြောသည်။ ရုရှားနှင့် ဥရောပနိုင်ငံများကြား လုံခြုံရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် လက်ရော့ ၏ ယခုမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ ရုရှားနှင့်ဥရောပနိုင်ငံများကြား မူဝါဒများ ကွာခြား နေသည့်အပြင် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုနှင့် ကာကွယ်ရေးအသုံးစရိတ်များ တိုးမြှင့်လာခြင်းတို့ကြောင့် ဥရောပဒေသ၏ လုံခြုံရေးအခြေအနေမှာလည်း အာရုံစိုက်ခံနေရသည့် အနေအထားတွင်ရှိနေကြောင်း လေ့လာသူ များကပြောသည်။