ဒုတိယသမ္မတ(၁) ဦးညိုစော CHINA-ASEAN Business and Investment Summit သို့တက်ရောက် အမှာ စကားပြောကြား
17 Sep
တရုတ်နိုင်ငံ နန်နင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ နန်နင်းမြို့တွင် ပြုလုပ်သည့် (၂၃)ကြိမ်မြောက် တရုတ်- အာစီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ကုန်စည်ပြပွဲအခမ်းအနားကို ဒေသစံတော်ချိန် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ သည်။ အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဒင်ရွေ့ရှောင်၊ မြန်မာနိုင်ငံ ဒုတိယသမ္မတ(၁) ဦးညိုစော အပါအဝင် အာစီယံနိုင်ငံများမှ နိုင်ငံ့အကြီးအကဲများ၊ ဖိတ်ကြားထားသော စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များ တက်ရောက်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ်က တရုတ်-အာစီယံ မဟာဗျူဟာဆွေးနွေးမှု၏ (၅)နှစ်ပြည့်မြောက်သည့်နေ့ဖြစ်ပြီး ကွမ်ရှီးဒေသတွင် စက်တင်ဘာလ ၁၆ ရက်တွင် Pinglu Canal ဖွင့်လှစ်ခဲ့နိုင် ခဲ့သည်။ အဆိုပါ Pinglu Canal သည် တရုတ်သမ္မတ ရှီကျင့်ဖျင် ၏ လမ်းညွှန်ချက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းအတွက် တိုတောင်းသည့် သွားလာရေးလမ်းကြောင်းတစ်ခုကို ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ကွမ်ရှီးဒေသ၏လွတ်လပ်သော ကုန်သွယ်မှုလမ်းကြောင်းကို အာစီယံနိုင်ငံများနှင့်ဆက်သွယ်နိုင်မည် ဖြစ်ပြီး Digital စီးပွားရေးနှင့် Green စီးပွားရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် AI နည်းပညာတွင်လည်း ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး AI နည်းပညာနှင့်ပတ်သက်သည့် အစည်းအဝေးများ ကိုလည်း ဆက်လက်ပြုလုပ်သွာမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယသမ္မတ(၁) ဦးညိုစော က အဖွင့်အမှာစကားပြောကြားရာတွင် တရုတ်-အာစီယံ Expo သည် တရုတ်နိုင်ငံနှင့်အာစီယံနိုင်ငံများကြား ကုန်သွယ်မှုနှင့်ဆက်သွယ်နိုင်သည့်အပြင် ယုံကြည်မှုနှင့်စီးပွားရေး အခွင့်အလမ်းများ၊ နည်းပညာပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ ပြည်သူများအချင်းချင်း ရင်းနှီးစွာဆက်သွယ်နိုင်မည့် စင်္ကြံတစ်ခုဖြစ်ကြောင်း၊ ထို့အပြင် ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်ဖြစ်သည့် CHINA-ASEAN FREE TRADE AREA after 3.0 ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်စေသည့် ခေါင်းစဉ်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ယနေ့ကမ္ဘာကြီး စီးပွားရေးနှင့်နည်းပညာ၊ ထောက်ပံ့ရေးကွင်းဆက် နှောက်ယှက်မှုများကြောင့် စိန်ခေါ်များစွာကို ရင်ဆိုင်နေရချိန် နှစ်ဦးနှစ်ဘက်အကျိုးဖြစ်ထွန်းစေမည့် ရည်မှန်းချက် များသည် ပိုမိုအရေးပါလာကြောင်း၊ ယခု တရုတ်-အာစီယံပူးပေါင်းဆောင်ရွက်မှုက သက်သေပြလျက်ရှိကြောင်း၊ တရုတ်-အာစီယံ မဟာဗျူဟာဆွေးနွေးမှု (၅)နှစ်မြောက်နေ့ဖြစ်ပြီး တရုတ်-အာစီယံပူးပေါင်းဆောင်ရွက်မှုသည် အရှိန်အဟုန်ဖြင့် တိုးတက်လာကြောင်း၊ CHINA-ASEAN FREE TRADE AREA after 3.0 သည် Digital စီးပွားရေး၊ အစိမ်းရောင် စီးပွားရေး၊ စားသုံးသူကာကွယ်ရေး စသည့်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လွတ်လပ်ပြီး စည်းမျဉ်း ရှိသော ကုန်သွယ်မှုကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်သည်။ ယနေ့ခေတ် စီးပွားရေးအခင်းအကျင်းသည် Digital စနစ် ကဏ္ဍအသီးသီးမှာ ဖွံ့ဖြိုးတိုးတက်လာပြီး နည်းပညာသည် ဖျော်ဖြေရေးတစ်ခုအဖြစ်သာ မဟုတ်တော့ဘဲ စီးပွားရေး လုပ်ငန်းများ၏ ကုန်ထုတ်စွမ်းအားများအတွက် အဓိကမောင်းနှင်နိုင်မည်ဖြစ်ကြောင်း၊ AI နည်းပညာကို အသုံးပြု ပြီး အရည်အသွေးမြှင့်တင်နိုင်မည့် ထုတ်ကုန်များတွင် အလိုအလျောက်စနစ်ဖြင့် ထုတ်လုပ်နိုင်မည်ပြီး လုပ်ငန်း တိုးတက်နိုင်စေမည်ဖြစ်ကြောင်း၊ ယခုနှစ်ကုန်စည်ပြခန်းတွင် မြန်မာနိုင်ငံမှ ပြခန်း ၈၀ ကျော် ပါဝင်ပြသမည်ဖြစ်သောကြောင့် လာရောက်လေ့လာကြည့်ရှုဖို့ ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့ပါသည်။(NVS 006)