“မန်ချက်စတာဒါဘီပွဲစဉ်များတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ဟာလန်း ရပ်တည်”

15 Sep

မန်ချက်စတာဒါဘီ ပွဲစဉ်ဖြစ်သည့် မန်ယူနှင့် မန်စီးတီးအသင်းတို့ ကစားခဲ့သည့်ပွဲစဉ်များ၌ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မန်စီးတီးအသင်းမှ ဟာလန်း က ထိပ်ဆုံးတွင်ရပ်တည်နေကြောင်း Eurosports သတင်း ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ စက်တင်ဘာလ ၁၃ ရက်မှာ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ဟာလန်း က မန်စီးတီးအသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး‌နောက် မန်ချက်စတာဒါဘီပွဲစဉ်များတွင် သွင်းဂိုးကိုးဂိုးဖြင့် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဟာလန်း ရဲ့နောက်တွင် မန်ယူအသင်းကစားသမားဟောင်း ရွန်းနီ က ရှစ်ဂိုး၊ မန်စီးတီးအသင်းကစားသမား ဟောင်း အဂူရို က ရှစ်ဂိုး၊ မန်ယူအသင်းကစားသမားဟောင်း ကန်တိုနာ က ခုနစ်ဂိုး၊ လက်ရှိမန်စီးတီးအသင်းကစား သမား ဖိုဒန် က ခုနစ်ဂိုးတို့ဖြင့် ရပ်တည်နေပါတယ်။(NVS 008)

15 Sep

ADVERTISE HERE .