“စောင့်ကြည့်ရေးစခန်းများ ပျက်စီးခဲ့သောကြောင့် နီပေါနိုင်ငံ၏ ရေကြီးမှုသတိပေးကွန်ရက် ထိခိုက်နေဟု အစိုးရအစီရင်ခံစာ ဖော်ပြ”

15 Sep

နီပေါနိုင်ငံ၏မြစ်ရေ ရုတ်တရက်မြင့်တက်လာမှု စောင့်ကြည့်ရေးစခန်းအများအပြားမှာ ဩဂုတ်လ ၂၆ ရက်က ဖြစ်ပွားခဲ့သည့် ရေကြီးမှုတွင် မျောပါပျက်စီးခဲ့ပြီးနောက် နိုင်ငံ၏ ရုတ်တရက်မြစ်ရေမြင့်တက်မှု စောင့်ကြည့်နိုင်စွမ်း အကြီးအကျယ်ထိခိုက်လျက်ရှိကြောင်း အစိုးရအစီရင်ခံစာတစ်ရပ်က ဖော်ပြခဲ့သည်။ ရေနှင့် စွမ်းအင်ကော်မရှင်အတွင်းဝန်ရုံး(WECS) လက်အောက်ရှိ ဇလဗေဒနှင့် ရေအရင်းအမြစ်သုတေသန စင်တာ(CHWRR)၏ စက်တင်ဘာလ ၁၃ ရက်၌ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် အဆိုပါစောင့်ကြည့်ရေးစခန်းများ ဆုံးရှုံးခဲ့ခြင်းသည် ရေကြီးရေလျှံမှု၏ အလွန်ပြင်းထန်သည့်အခြေအနေကို မီးမောင်းထိုးပြနေပြီး ဒေသတွင်း အနာဂတ် စောင့်ကြည့်လေ့လာမှု လုပ်ငန်းများအတွက် စိန်ခေါ်မှုများဖြစ်ပေါ်စေကြောင်း ဖော်ပြထားသည်။ Bhote Koshi နှင့် Trishuli မြစ်ကြောင်းတစ်လျှောက် အရှိန်အဟုန်ဖြင့် ရေစီးဆင်းခဲ့ပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ရာဆူဝါခရိုင်ရှိ Rasuwagadhi နှင့် Syaphru Besi၊ နူဝါကော့တ်ခရိုင်ရှိ Betrawati၊ ဒါဒင်းခရိုင်ရှိ Phurke Khola တို့ရှိ စောင့်ကြည့်လေ့လာရေးစခန်းများ ပျက်စီးခြင်း သို့မဟုတ် လုပ်ငန်းမဆောင်ရွက်နိုင်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။ အဆိုပါ စောင့်ကြည့်လေ့လာရေးစခန်းများ ပျက်စီးသွားခြင်းဆိုသည်မှာ မြစ်အောက်ပိုင်းသို့ရေကြီးမှု ပိုမို ပြင်းထန်လာသည်နှင့်အမျှ အရေးကြီးသောနေရာများစွာတွင် ရေအမှတ်များကို စဉ်ဆက်မပြတ် မှတ်တမ်းတင်နိုင်ခြင်း မရှိတော့ခြင်းပင်ဖြစ်သည်။ ထိုသို့ အကြီးအကျယ်ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့သော ရေကြီးမှုဖြစ်ပွားပြီး ခုနစ်ရက်အကြာတွင် မြစ်ရေ အခြေအနေကို ရုပ်မြင်သတင်းအချက်အလက်ဖြင့် စောင့်ကြည့်နိုင်ရန် နီပေါအာဏာပိုင်များက ရာဆူဝါခရိုင် တီမူရီ ဒေသတွင် စီစီတီဗီကင်မရာပါဝင်သည့် ရေကြီးမှုစောင့်ကြည့်ရေးစနစ်တစ်ခုကို တပ်ဆင်ခဲ့ကြသည်။ မြစ်ရေအခြေအနေ ရုတ်တရက်ပြောင်းလဲမှုကို ထောက်လှမ်းရန်နှင့် ရေကြီးမှုသတိပေးချက်များ အချိန်မီ ထုတ်ပြန်နိုင်ရန် နိုင်ငံ၏စွမ်းဆောင်ရည် မြှင့်တင်ပေးရေးအတွက်ရည်ရွယ်ပြီး CCTV အခြေပြု အချိန်နှင့်တစ်ပြေးညီ မြစ်ရေစောင့်ကြည့်ရေးစနစ်ကို နီပေါနိုင်ငံက ပထမဆုံးအကြိမ် စတင်အသုံးပြုခြင်းဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။ (Repost from Xinhua)

15 Sep

ADVERTISE HERE .