“အစစ်အမှန် စစ်ပွဲရပ်တန့်မည့် ကတိရရှိပါက အခြေအနေ အရှိန်ပြေလျော့လာစေရန် ထောက်ခံအားပေး လိုကြောင်း ဇယ်လန်းစကီး ဆို”

15 Sep

အမေရိကန်အနေဖြင့် ရုရှားက စစ်ပွဲရပ်တန့်မှုအတွက် စစ်မှန်ပြီး ရေရှည်ဖြစ်သောကတိပြုမှုကို အာမခံ ပေးနိုင်မည်ဆိုပါက ယူကရိန်းအနေဖြင့် အခြေအနေ အရှိန်ပြေလျော့လာစေရန် တွန်းအားပေးလိုကြောင်း ယူကရိန်း နိုင်ငံသမ္မတ ဇယ်လန်းစကီး က စက်တင်ဘာလ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ သို့သော်လည်း လက်ရှိတွင် ရုရှား ဘက်က စစ်မှန်သည့်စစ်ပွဲရပ်တန့်မှု ဆန္ဒကို ဖော်ပြခြင်းမရှိကြောင်း တစ်ချိန်တည်းတွင် ၎င်းက ပြောကြားခဲ့သည်။ ဇယ်လန်းစကီး က ထိုနေ့ညတွင် ဗီဒီယိုမိန့်ခွန်းပြောကြားရာ၌ ရုရှား-ယူကရိန်း နှစ်ဖက်စစ်ပွဲ အဓိကအခြေခံ အဆောက်အဦများအား ဦးတည်၍ အပြန်အလှန်တိုက်ခိုက်မှုကို ရပ်တန့်ရန် အမေရိကန်က ပြင်းပြင်းထန်ထန် အကြံပြုထားကြောင်း၊ ယင်းအကြံပြုချက်သည် အခြေအနေ အရှိန်ပြေလျော့လာစေရန် တွန်းအားပေးသည့် ပထမ ခြေလှမ်း ဖြစ်လာမည်ဆိုပါက ယူကရိန်းအနေဖြင့် ထောက်ခံအားပေးလိုကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်းက ယူကရိန်းဘက်မှ ရုရှား၏ စစ်ကာလစီးပွားရေးအပေါ် တိုက်ခိုက်မှုများက ရုရှားဘက်ကို ဖိအားဖြစ်စေခဲ့သော်လည်း လက်ရှိတွင် ရုရှားဘက်က စစ်မှန်သော စစ်ပွဲရပ်တန့်လိုသည့် ဆန္ဒကို ဖော်ပြခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ ရုရှားနှင့် ယူကရိန်းက တိုက်ခိုက်မှု အပြန်အလှန်ရပ်တန့်ရန် ဆွေးနွေးညှိနှိုင်းမှုတွင် စွမ်းအင်၊ စားနပ်ရိက္ခာ ပို့ဆောင်ရေးလမ်းကြောင်း၊ အဓိကအခြေခံအဆောက်အဦစသည့် အကြောင်းအရာများ ပါဝင်ရမည်ဖြစ်ကြောင်း ဇယ်လန်းစကီး က ဆိုသည်။ ယူကရိန်းဘက်က လိုအပ်သောအစီအစဉ်သည် (အမေရိကန်ကြားဖြတ်) ရွေးကောက်ပွဲကာလနှင့် လိုက်လျော ညီထွေမှု ရှိရန်အတွက်သာမဟုတ်ဘဲ ရေရှည်အတွက် မျှော်ကိုးသင့်ကြောင်း၊ ယူကရိန်းအနေဖြင့် သက်ဆိုင်ရာ မိတ်ဖက်က ယင်းနှင့်စပ်လျဉ်း၍ အသေးစိတ်အစီအစဉ် ပံ့ပိုးပေးရန် မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Repost from Xinhua)

15 Sep

ADVERTISE HERE .