“အီရန်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းတွင် ငါးဖမ်းလှေ ၂ စင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ တံငါသည်များ ပျောက်ဆုံးနေ”
15 Sep
အီရန်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းတွင် စက်တင်ဘာလ ၁၄ ရက် ညပိုင်းက ငါးဖမ်းလှေ ၂ စင်းအား ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရကြောင့် တံငါသည်အများအပြား ပျောက်ဆုံးနေကြောင်း အီရန်အစိုးရက တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင် သော Mehr သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။ တောင်ပိုင်းဆိပ်ကမ်းမြို့ Kargan မြို့၏ ကမ်းရိုးတန်းနှင့် Larak ကျွန်းအနီးတွင် ငါးဖမ်းလှေများ တိုက်ခိုက် ခံခဲ့ရခြင်းဖြစ်ကြောင်း Hormozgan ပြည်နယ် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ဒုတိယအုပ်ချုပ်ရေးမှူး Ahmad Nafisi ၏ ပြောကြားချက်ကိုကိုးကား၍ Mehr သတင်းဌာနက ဖော်ပြခဲ့သည်။ ပျောက်ဆုံးနေသည့် တံငါသည်များကိုရှာဖွေရန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဟု Nafisi က ထပ်လောင်းပြောကြားခဲ့ပြီး ဖြစ်စဥ်အသေးစိတ် အချက်အလက်များကို စုံစမ်းစစ်ဆေးပြီးနောက် ကြေညာမည်ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။ (Repost from Xinhua)