“ထိုင်ဝမ်အရေးတွင် စည်းနင်းနယ်ကျွံပါက ပြင်းထန်သောနောက်ဆက်တွဲဆိုးကျိုးကို မုချတာဝန်ခံရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို”

15 Sep

လတ်တလောရက်ပိုင်းတွင် ပနားမားနိုင်ငံမှ အချို့သောလွှတ်တော်အမတ်များသည် ပနားမား-ထိုင်ဝမ် ဥပဒေ ပြုအဖွဲ့ နိုင်ငံရေးပါတီစုံပါဝင်သော ဖလှယ်ရေးအဖွဲ့ငယ်ဟူသည်ကို ဖွဲ့စည်းခဲ့ပြီး အမေရိကန်လွှတ်တော်အမတ်များက အွန်လိုင်းမှ အစည်းအဝေးတက်ရောက်ခဲ့သည်။ ပနားမားနိုင်ငံသမ္မတ Jose Raul Mulino က လွှတ်တော်အမတ်များ ထိုင်ဝမ်ဒေသနှင့်ထိတွေ့ခြင်းအား မထောက်ခံကြောင်း ဆိုခဲ့သည်။ ထိုကိစ္စနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်း က စက်တင်ဘာလ ၁၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ကမ္ဘာပေါ်၌ တရုတ်တစ်နိုင်ငံတည်းသာရှိကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ နယ်မြေပိုင်နက်၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့်နိုင်ငံက မည်သည့်အသွင်ပုံစံဖြင့်မဆို ထိုင်ဝမ်ဒေသအာဏာပိုင်များနှင့် တရားဝင်သွားလာ ဆက်ဆံမှုနှင့် ထိတွေ့မှုအား ခိုင်မာစွာဆန့်ကျင်ကန့်ကွက်ကြောင်း၊ မည်သည့်နိုင်ငံခြားအင်အားစုမဆို တရုတ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းအား သည်းခံမည်မဟုတ်ကြောင်း၊ နိုင်ငံရေးပုဂ္ဂိုလ် အနည်းစုက အခြေ အနေကို ရှင်းလင်းစွာသိမြင်နားလည်ရန် ပြောကြားလိုကြောင်း၊ ထိုင်ဝမ်အရေးတွင် စည်းနင်းနယ်ကျွံပါက ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးကို မုချတာဝန်ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Repost from Xinhua)

15 Sep

ADVERTISE HERE .