“ကွန်ဆာ ရဲ့ပယ်နယ်တီအပေါ် Pro Ref ထံ ရှင်းလင်းချက် တောင်းခံသွားမယ့် အာဆင်နယ်အသင်း”

15 Sep

အာဆင်နယ်အသင်းက ဆန်းဒါးလန်းနဲ့ပွဲမှာ နောက်ခံလူ ကွန်ဆာ ရဲ့ပယ်နယ်တီပေးခံရမှုအပေါ် Pro Ref ထံ ဆက်သွယ်ပြီး ရှင်းလင်းချက်တောင်းခံမယ်လို့ သိရပါတယ်။ ကွန်ဆာ ဟာ ဆန်းဒါးလန်းနောက်ခံလူ ဒန်ဘဲလက်ဒ် ကို ဆွဲလှဲချသလို ဖြစ်ခဲ့လို့ ပယ်နယ်တီပေးခဲ့ရခြင်း ဖြစ်ပါတယ်။ ၎င်းပွဲစဉ်မှာ ဒိုင်လူကြီး ဂျွန်ဘရွတ်ခ် က ပယ်နယ်တီပေးခဲ့ပြီး VAR က ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ရုပ်သံပြကွက်တွေအရ ကွန်ဆာ ဟာ ဘဲလက်ဒ် ကို ဆွဲထားပေမယ့် ထိထိမိမိမရှိခဲ့လို့ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။ ယင်းပွဲအပြီးမှာလည်း အာဆင်နယ်အသင်းနည်းပြ အာတေတာ က ပယ်နယ်တီပေးမှု အပေါ်ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ယခုအခါ အာဆင်နယ်အသင်းက ပယ်နယ်တီ ဘာကြောင့်ပေးခဲ့ သလဲ ရှင်းလင်းချက် အတွက် Pro Ref နဲ့ ဆွေးနွေးသွားဖို့ စီစဉ်လာခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ဒိုင်လူကြီးရဲ့ကြီးမားတဲ့ ဆုံးဖြတ်ချက် တွေဟာ ရလဒ်ပိုင်း သက်ရောက်မှုရှိလာမှာကို ရှောင်ကြဉ်ဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်။ (NVS 008)

15 Sep

ADVERTISE HERE .