“ယာဉ်လိုင်းများမှတစ်ဆင့် ပစ္စည်းပို့ဆောင်တဲ့ပစ္စည်းပျောက်ဆုံးမှုအတွက် စားသုံးသူရေးရာမှ ညှိနှိုင်းဖြေရှင်းပေး”

15 Sep

ခရီးသည်တင်ယာဉ်လိုင်းများမှတစ်ဆင့် ပစ္စည်းများပို့ဆောင်ရာတွင် လမ်းခရီးမှာ ပျောက်ဆုံးမှုနှင့် တာဝန်ယူ မှုပျက်ကွက်မှုများကြောင့် ထိခိုက်နစ်နာခဲ့ရသည့် စားသုံးသူများ၏ တိုင်ကြားစာ ၃ စောင်ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ လျော်ကြေးငွေပေးလျော်စေရေး ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း ဦးစီးဌာနမှ သိရပါတယ်။ ဖြစ်စဉ်များမှာ Redmi 13C အမျိုးအစား တန်ဖိုးရှိ ဖုန်းပါဆယ်ထုပ်အား အခြားသူတစ်ဦးမှ ထုတ်ယူသွားသဖြင့် တာဝန်ယူမှုမရှိတဲ့ ယာဉ်လိုင်းတစ်ခုကို တိုင်ကြားခဲ့ရာ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ကွပ်ကဲရေးကော်မတီတို့နှင့် ညှိနှိုင်း၍ လျော်ကြေးငွေ ကျပ် ၃ သိန်း ပေးလျော်စေခဲ့ပြီး ဝန်ဆောင်မှုပေးရာတွင် တာဝန်ယူမှု/တာဝန်ခံမှု အပြည့်ဖြင့် ဆောင်ရွက်သွားရန် ဝန်ခံကတိ ရေးထိုးစေခဲ့ပါတယ်။ အလားတူလမ်းခရီး၌ ပျောက်ဆုံးသွားခဲ့တဲ့ ကျပ် ၅၀ဝ,၀ဝဝ တန်ဖိုးရှိ ၇ ဒသမ ၅ ကီလိုဝပ် ရေပန့်မော်တာ ပျောက်ဆုံးမှုအတွက် မော်တာတန်ဖိုး ကျပ် ၅၀ဝ,၀ဝဝ ကို ယာဉ်လိုင်းဘက်မှ အရစ်ကျ နှစ်ကြိမ်ခွဲ၍ ပေးလျော်ခဲ့တဲ့ အပြင် မန္တလေးမှ အောင်လံမြို့သို့ပို့ဆောင်စဉ် ပျောက်ဆုံးခဲ့တဲ့ ကျပ် ၁၀ သိန်းတန် စက်ဘီးကိရိယာအတွက် ဂိတ်တာဝန်ရှိသူက ကျပ် ၃ သိန်းသာ ပေးလျော်မည်ဟု ငြင်းဆန်ခဲ့သဖြင့် တိုင်ကြားခဲ့ရာ ညှိနှိုင်းစိစစ်မှုများ ပြုလုပ်ပြီးနောက် လျော်ကြေးငွေ ကျပ် ၈ သိန်း ပေးလျော်စေခဲ့ကြောင်း သိရပါတယ်။ (NVS 008)

15 Sep

ADVERTISE HERE .