“ရွှေပြည်သာစက်မှုဇုန်များရှိ စက်ရုံများ၏ လုပ်ငန်းလည်ပတ်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး”

15 Sep

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော် က တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၂ ရက်နံနက်ပိုင်းမှာ ရွှေပြည်သာစက်မှုဇုန် အမှတ် (၂)၊ (၃) နှင့် (၄) အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၏ လုပ်ငန်းလည်ပတ်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဦးစွာစက်မှုဇုန် အမှတ် (၂)၊(၃)နှင့် (၄) စီမံခန့်ခွဲရေးကော်မတီရုံး၌ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ထင်ကျော်ဦးနှင့် ကော်မတီဝင်များက စက်မှုဇုန်တည်ထောင်ထားရှိမှု၊ စက်ရုံနှင့်အလုပ်ရုံများလည်ပတ်မှု၊ ရပ်နားထားမှုအခြေအနေများနှင့် စက်မှုဇုန်အတွင်း စည်ပင်ရေရရှိရေး စီမံဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါတယ်။ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့က ရွှေရည်စံပယ် အထည်ချုပ်စက်ရုံ၊ ရန်ကုန်တာယာစက်ရုံ၊ ကွန်ကရစ်ကင်းကွန်ကရစ်စက်ရုံနှင့် ရာစုသစ်စက္ကူစက်ရုံတို့သို့ သွားရောက်၍ ထုတ်လုပ်မှုနှင့် လုပ်ငန်းလည်ပတ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ စက်ရုံတာဝန်ရှိ သူများက လုပ်ငန်းလည်ပတ်မှု၊ လုပ်ငန်းခွင်အတွင်း ကြုံတွေ့နေရတဲ့ အခက်အခဲများနှင့် ဝန်ထမ်း၊ လုပ်သားများ၏ အခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးက တင်ပြမှုများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။ (NVS 008)

15 Sep

ADVERTISE HERE .