“မြောက်ကိုရီးယားက အကြီးစားပူးပေါင်းပစ်ခတ်မှု စွမ်းရည်ပြသ”

15 Sep

မြောက်ကိုရီးယားစစ်ဘက်က စက်တင်ဘာလ ၁၄ ရက်တွင် အကြီးစားပူးပေါင်းပစ်ခတ်မှု စွမ်းရည်ကို ပြသသည့် စစ်ရေးလေ့ကျင့်မှုတစ်ခုကို အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ကိုယ်တိုင် တက်ရောက်ကြည့်ရှု စစ်ဆေးခဲ့ခြင်းဖြစ်သည်။ လေ့ကျင့်မှုအတွင်း နည်းဗျူဟာမြောက် အမြင့်ပျံနှင့် အနိမ့်ပျံဒုံးကျည်များ၊ အကြီးစားအပူဖိအားပေး အတွဲလိုက် ဒုံးပစ်လောင်ချာများ၊ တိုက်ခိုက်ရေးဒရုန်းအမျိုးမျိုးနှင့် ပူးပေါင်းပစ်ခတ်မှု ထိန်းချုပ်ရေးစနစ်များ အသုံးပြု၍ သတ်မှတ်ထားသောပစ်မှတ်များကို တိကျစွာပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဗျူဟာမြောက်လက်နက် စနစ်များ၏ ဟန်ချက်ညီပေါင်းစပ်မှုကို စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ရန်သူ၏ ခြိမ်းခြောက်မှုများကို ချက်ချင်းတုံ့ပြန်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်အခြေအနေကို သက်သေပြခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် က ယခုကဲ့သို့ တိုက်ပွဲဝင်စွမ်းရည်မြင့်မားမှုကို ချီးကျူးခဲ့ပြီး အချုပ်အခြာအာဏာကိုကာကွယ်ရန် စစ်ရေးပြင်ဆင်မှုများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

15 Sep

ADVERTISE HERE .