“ဗြိတိန်မှခွဲထွက်ရေးအတွက် စကော့တလန်၊ ဝေးလ်၊ မြောက်အိုင်ယာလန်နိုင်ငံတို့မှ ခေါင်းဆောင်များ အစည်းအဝေးပြုလုပ်မည်”

15 Sep

ဗြိတိန်မှခွဲထွက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးဆိုင်ရာ မဲဆွယ်စည်းရုံးမှုများကို ပိုမိုအားကောင်း လာစေရန်ရည်ရွယ်၍ စကော့တလန်၊ ဝေးလ်၊ မြောက်အိုင်ယာလန်နိုင်ငံတို့မှ အဓိကခွဲထွက်ရေးဝါဒီ နိုင်ငံရေး ပါတီခေါင်းဆောင်များသည် ကာဒစ်ဖ်မြို့တွင် ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပမည်ဟု တရားဝင်ထုတ်ပြန်ကြေ ညာခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ အဆိုပါ အစည်းအဝေးသို့ စကော့တလန်အမျိုးသားပါတီ(SNP)ခေါင်းဆောင် John Swinney၊ ဝေးလ်နိုင်ငံ မှ Plaid Cymru ပါတီခေါင်းဆောင် Rhun ap lorwerth၊ အိုင်ယာလန်ရီပတ်ဘလီကန်ပါတီ(Sinn Fein) မှ Michelle O'Neill တို့ တက်ရောက်ကြမည်ဖြစ်ပြီး သက်ဆိုင်ရာနယ်မြေများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲမှုများကို ပြုလုပ်ပေးရန် ဗြိတိန်အစိုးရကို တိုက်တွန်းပြောကြားမည်ဖြစ်သည်။ ဗြိတိန်အတွင်းရှိ ဒေသဆိုင်ရာ ခွဲထွက်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ နိုင်ငံရေးအရ အငြင်းပွားဖွယ်ရာ အခြေအနေများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးမှုများ ပိုမိုပြင်းထန်လာမည့် အနေအထားတွင်ရှိနေ သည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြထားကြောင်း သိရသည်။

15 Sep

ADVERTISE HERE .