“ဝက်ဖို့ဒ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်း အန်တိုနီယို”

14 Sep

ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်း အန်တိုနီယို ဟာ လိဂ်ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းထံ ပြောင်းရွှေ့ ကြေးအလွတ်နဲ့ ရောက်ရှိခဲ့ပါတယ်။ အန်တိုနီယို ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်မှာ ဝက်စ်ဟမ်းအသင်းအတွက် နောက်ဆုံးကစားခဲ့ပြီးနောက် လေးရက်အကြာမှာ ယာဉ်မတော်တဆဖြစ်ပြီး ခြေထောက်ကျိုးခဲ့ပါတယ်။ ကာတာကလပ် Al-Sailiya အသင်းအတွက် ဧပြီလမှာ နောက်ဆုံးကစားခဲ့ပြီး စုစုပေါင်း လေးပွဲသာ ရှိခဲ့ပါ တယ်။ အန်တိုနီယို ဟာ ပြီးခဲ့တဲ့လကတည်းက ဝက်ဖို့ဒ်အသင်းမှာ လေ့ကျင့်ခန်းဆင်းနေပြီးနောက် တစ်နှစ်စာချုပ်နဲ့ ခေါ်ယူခံခဲ့ရတာဖြစ်ပါတယ်။ အန်တိုနီယို အနေနဲ့ ဝက်ဖို့ဒ်အသင်းမှာ ကျောနံပါတ် ၁၈ ဝတ်ဆင်မှာဖြစ်ပြီး အသင်းရဲ့ အခုနွေရာသီ ၁၂ ဦးမြောက် ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။ (NVS 008)

14 Sep

ADVERTISE HERE .