“လာလီဂါမှာ ရာသီအဖွင့် ၅ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ အူဘာမီယန်း”

14 Sep

ဒီပို့တီဗိုအသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်း ဟာ လာလီဂါမှာ ရာသီအဖွင့် ၅ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ၁၁ ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ အူဘာမီယန်း ဟာ အခုနွေရာသီမှာ မာဆေးလ်အသင်းကနေ ဒီပို့တီဗိုအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး အကောင်းဆုံးခြေစွမ်းပြနေတာ ဖြစ်ပါတယ်။ အူဘာမီယန်း က အယ်လ်ချီ၊ မာလာဂါ၊ ဗလင်စီယာ၊ ဗီလာရီးယဲလ်၊ ဂီတာဖေးတို့နဲ့ ရင်ဆိုင်ခဲ့တဲ့ (၅)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ဂိုးဖန်တီးမှု ၂ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ လာလီဂါမှာ ရာသီအဖွင့်(၅)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ နောက်ဆုံးကစားသမားက ၂၀၀၉ ခုနှစ်မှာ ဘာစီလိုနာ အသင်းအတွက် သွင်းယူခဲ့တဲ့ အီဘရာဟီမိုဗစ် ဖြစ်ပါတယ်။ အူဘာမီယန်းက လာလီဂါရာသီအဖွင့် ၅ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ တတိယမြောက် ဒီပို့တီဗိုအသင်းကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ဒီပို့တီဗိုအသင်းက ရာသီအဖွင့်(၅)ပွဲဆက်ဂိုးသွင်းနိုင်တဲ့ ကစားသမားအများဆုံး ပေါ်ထွက်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။ အခုရာသီမှာမှ လာလီဂါကို တန်းပြန်တက်လာ ခဲ့တဲ့ ဒီပို့တီဗိုအသင်းဟာ ၅ ပွဲကစားအပြီးမှာ ၂ ပွဲနိုင်၊ ၃ ပွဲသရေနဲ့ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားပါတယ်။ (NVS 008)

14 Sep

ADVERTISE HERE .