“တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ဧက ၄၀၀၀၀၀ ကျော် စိုက်ပျိုးထားရှိ”

14 Sep

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းသီးနှံကို ၄၀၂,၆၀၅ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အသီးခူးဧကအနေနဲ့ ၁၇၃,၉၂၆ ဧကမှ တစ်ဧကအထွက်နှုန်း ၁ ဒသမ ၆၅ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာ ဆီအုန်းစိုက်ပျိုးအောင်မြင်နိုင်တဲ့ ရေ၊ မြေ၊ ရာသီဥတု အနေအထား ကောင်းမွန်မှု ကြောင်း ပြည်တွင်းသာမက ပြည်ပကုမ္ပဏီများက ဆီအုန်းစိုက်ပျိုးမှုမှာ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက် ရှိပါတယ်။ ဆီအုန်းကို ပြည်နယ်နှင့်တိုင်းဒေသကြီးများအနက် တနင်္သာရီတိုင်းဒေသကြီးမှာသာ စိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး မြိတ်နှင့် ကော့သောင်းဒေသတို့မှာ ဧကအမြောက်အမြားကို စီးပွားဖြစ်စိုက်ပျိုးထားရှိပါတယ်။ ဆီအုန်းကို ဆီကြမ်းအဖြစ်သာ ထုတ်လုပ်နိုင်ပြီး တိုင်းဒေသကြီးအတွင်း ဆီချောစက်ရုံများ တည်ဆောက်၍ စားသုံးနိုင်တဲ့ ဆီချောထုတ်လုပ်နိုင်မည်ဆိုပါက ဒေသတွင်းစားသုံးမှုဖူလုံကာ ပိုလျှံသည်များကိုပင် တင်ပို့ရောင်းချ ပေးနိုင်မှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီကြမ်းစက်ရုံများ လက်ရှိလည်ပတ်နေမှုမှာ ထားဝယ်ခရိုင် တွင် တစ်ခု၊ ဘုတ်ပြင်းခရိုင်တွင် နှစ်ခုနှင့် ကော့သောင်းခရိုင်တွင် နှစ်ခုရှိနေပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးခြင်းအတွက် ပံ့ပိုးပေးအပ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

14 Sep

ADVERTISE HERE .