“စက်တင်ဘာလတတိယအပတ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့မှာ မိုးထစ်ချုန်းရွာမည်”

14 Sep

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအား အသင့်အတင့်ရှိနေခြင်း၊ မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းနေခြင်းနှင့် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကမ်းခြေဒေသများတွင် ဖြစ်ပေါ် နေသော လေဖိအားနည်းဆဲလ်မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့မှာ မိုးထစ်ချုန်းရွာသွန်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုူဦးစီးဌာနမှ ထုတ်ပြန်ထားရှိပါတယ်။ စက်တင်ဘာလ ၁၄ ရက်မှ ၁၇ ရက်အတွင်း မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ် တို့မှာ နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 008)

14 Sep

ADVERTISE HERE .