“အိမ်ရာအဆောက်အအုံ ၃၁ လုံး တည်ဆောက်ရေးအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ”

14 Sep

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်တည်ဆောက် လျက်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာစီမံကိန်း ၃ ခုမှာ အိမ်ရာအဆောက်အအုံ ၃၁ လုံး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထား ကြောင်း သိရပါတယ်။ အဆိုပါတင်ဒါခေါ်ယူတဲ့ စီမံကိန်းများမှာ လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာ အပိုင်း(၂)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနအိမ်ရာစီမံကိန်း အပိုင်း(၃)နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အင်းဝအိမ်ရာစီမံကိန်း တို့ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ အိမ်ရာအဆောက်အအုံ စုစုပေါင်း ၃၁ လုံး တည်ဆောက်သွားမှာဖြစ်ပါတယ်။ တင်ဒါလျှောက်လွှာပုံစံများကို စက်တင်ဘာလ ၁၄ ရက်မှ ၂၅ ရက်အထိ ရုံးချိန်အတွင်း ရောင်းချပေးသွားမှာ ဖြစ်ပြီး တင်ဒါလျှောက်လွှာများကို အောက်တိုဘာလ ၁ ရက်နောက်ဆုံးထား၍ တင်သွင်းရမှာဖြစ်ပါတယ်။ တင်ဒါ ဖွင့်လှစ်မည့် ရက်နှင့်အချိန်ကို သက်ဆိုင်ရာလုပ်ငန်းရှင်များထံ ဆက်သွယ်အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

14 Sep

ADVERTISE HERE .