“ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီး၏ (၁၄၁) ကြိမ်မြောက် ဆေးပဋ္ဌာန်းလှူဒါန်းပူဇော်ပွဲကျင်းပ”

14 Sep

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီး၏ (၁၄၁)ကြိမ်မြောက် ဆေးပဋ္ဌာန်းလှူဒါန်းပူဇော်ပွဲကို ကျင်းပခဲ့ကြောင်း သိရပါတယ်။ ဆေးပဋ္ဌာန်းလှူဒါန်းပူဇော်ပွဲကို မွန်ပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၁၃ ကျောင်းတွင် သီတင်းသုံးတော်မူ ကြသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအတွက် ရည်မှန်းကျင်းပခြင်းဖြစ်ကာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိသတ်များတက်ရောက် ကြည်ညိုခဲ့ ကြကြောင်း သိရပါတယ်။ အဲဒီနောက် ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူခြင်း၊ ပဋ္ဌာန်းဒေသနာတော်များနာယူခြင်း၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ အလှူရှင်များက ဆေးပစ္စည်းများနှင့် လှူဖွယ်ဝတ္ထူပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ တရားဒေသနာတော်များနာယူကြည်ညိုခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)

14 Sep

ADVERTISE HERE .