“တွံတေးမြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် လဲကျသွားတဲ့တာဝါတိုင်အား အမြန်ဆုံးပြန်လည်ပြင်ဆင်နေ”

14 Sep

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်မှာ စက်တင်ဘာလ ၁၂ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ဂျောင်ဝိုင်းကျေးရွာအနီး လယ်ကွင်းပြင်ရှိ တာဝါတိုင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC)ထံမှ သိရပါတယ်။ ၃၃ ကေဗွီ ကနောင်-ခနောင်တိုဓာတ်အားလိုင်းနှင့် လှိုင်သာယာ-ကွမ်းခြံကုန်း(၂)ထပ် ဓာတ်အားလိုင်းတို့ တပ်ဆင်ထားသော တာဝါတိုင်လဲကျခဲ့ခြင်းဖြစ်ရာ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်ပြင်ဆင်ခဲ့ကြကြောင်း သိရပါတယ်။ ဒါ့အပြင် မီးသုံးစွဲသူများအဆင်ပြေစေရေးအတွက် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက အရံဓာတ်အား လိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁၃ ရက်မှာ ယာယီလျှပ်စစ်ဓာတ်အား ပြန်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

14 Sep

ADVERTISE HERE .