“ဆိပ်ကြီးခနောင်တို(တွံတေးတူးမြောင်း)တံတားတည်ဆောက်နေမှု ၄၀ ရာခိုင်နှုန်းခန့်ပြီးစီး”

14 Sep

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်မှာ အရှည် ၂,၄၂၈ ပေရှိ ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတားကိုတည်ဆောက်လျက်ရှိရာ လက်ရှိအချိန်မှာ တံတားတစ်စင်းလုံး၏ ၄၀ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ တို့က စက်တင်ဘာလ ၁၃ ရက်မှာ ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ဆက်လက်ဆောင်ရွက်မည့် လျာထားလုပ်ငန်းများနှင့် လက်ရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးခဲ့တဲ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရပါတယ်။ (NVS 008)

14 Sep

ADVERTISE HERE .