“ယူကရိန်းပဋိပက္ခဖြေရှင်းရေး ကြားဝင်စေ့စပ်ပေးရန် ရှီကျင့်ဖျင် နှင့် မိုဒီ တက်ကြွစွာကမ်းလှမ်း”

14 Sep

BRICS အဖွဲ့ထိပ်သီးအစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲများအတွင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် တို့သည် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် နှင့် သီးခြားစီတွေ့ဆုံစဉ် ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် ကြားဝင်စေ့စပ်ပေးရန် တက်ကြွစွာကမ်းလှမ်းကြကြောင်း ရုရှား သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ က စက်တင်ဘာလ ၁၃ ရက်တွင်အတည်ပြုခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များကြား တွေ့ဆုံပွဲများအတွင်း နာရန်ဒရာမိုဒီ နှင့် ရှီကျင့်ဖျင် တို့က ယူကရိန်းအရေး ကို အထူးစိတ်ဝင်တစားရှိကြောင်းပြသပြီး ပဋိပက္ခပြေလည်စေရေးနည်းလမ်းများကို ရှာဖွေရာတွင် အကောင်းဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း ပက်စကော့ ကရှင်းပြသည်။ အဆိုပါ အိန္ဒိယနှင့် တရုတ်ခေါင်းဆောင်တို့၏ ဆန္ဒအပေါ် ရုရှားသမ္မတ ဗလာဒီမာ ပူတင် က ကြိုဆိုပြီး ယူကရိန်းပဋိပက္ခ အခြေအနေနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောသည်။ ယခုကဲ့သို့ အာရှအင်အားကြီးနိုင်ငံများအနေဖြင့် ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ရန်ကြိုးပမ်းမှုသည် ကမ္ဘာ့သံတမန်ရေးစင်မြင့်တွင် အရေးပါသော အလှည့်အပြောင်းတစ်ခု ဖြစ်လာခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန် နိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကိုလည်း ရုရှားဘက်က မျှော်လင့်ချက်ထားရှိကြောင်း မကြာသေးမီက ထုတ်ပြန်ထားပြီး ယခုအခါ မိုဒီ နှင့် ရှီကျင့်ဖျင် တို့၏ ကမ်းလှမ်းမှုက ယူကရိန်းအရေးဖြေရှင်းရန် နိုင်ငံတကာ၏ သံတမန်ရေးလှုပ်ရှားမှုများကို ပိုမိုအားကောင်းလာစေသည်။ ယူကရိန်းပဋိပက္ခ ရပ်တန့်ရေးအတွက် ဘက်စုံသံတမန်လမ်းကြောင်းများ ပွင့်လာနိုင်ခြေရှိသော်လည်း မြေပြင်အခြေအနေနှင့် အဆိုပါကြားဝင်စေ့စပ်မှုများကြား မည်မျှအထိ လက်တွေ့ကျကျ အကောင်အထည်ဖော် နိုင်မည်ကို နိုင်ငံတကာက စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

14 Sep

ADVERTISE HERE .