“ချဲလ်ဆီးအသင်းက တောင်ပံကစားသမား ပတ်ဒရိုနက်တို ကို ၂၀၃၂ ခုနှစ်အထိ သက်တမ်းတိုး”
13 Sep
ချဲလ်ဆီးအသင်းက ပေါ်တူဂီတောင်ပံကစားသမား ပတ်ဒရိုနက်တို ကို ၂၀၃၂ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် နက်တို ဟာ ၂၀၂၄ ခုနှစ်မှာ ဝုလ်ဗ်အသင်းကနေ ချဲလ်ဆီးအသင်းထံသို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၀၈ ပွဲ ကစားထားကာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု နှစ်ရပ်ပေါင်း ဂိုး ၄၀ အထိ ရှိခဲ့ပါတယ်။ နက်တို နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ မူလစာချုပ်က ၂၀၃၁ ခုနှစ်အထိဖြစ်ပြီး ချဲလ်ဆီးအသင်းက နှစ်နှစ်သက်တမ်း ထပ်မံတိုးမြှင့်ခဲ့တာဖြစ်ပါတယ်။(NVS 008)
13 Sep