“ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်း ထိပ်ဆုံးမှရေပန်းစားနေ”

13 Sep

၂၀၂၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ပထမအဆင့် ဆန်ခါတင်ဦးရေ ၃၀ စာရင်း ထုတ်ပြန်ခဲ့ ရာ အဆိုပါဆုဆွတ်ခူးနိုင်ရန် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်း က ထိပ်ဆုံးမှရေပန်းစားနေကြောင်း B/R Football ဆိုက်က ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို သွင်းဂိုးအရေအတွက်နဲ့ ဆုံးဖြတ် ပေးအပ်ခြင်းမဟုတ်ဘဲ သွင်းဂိုးအရေအတွက်အပြင် တစ်ကိုယ်တော်ခြေစွမ်းပြသနိုင်မှု၊ အသင်းလိုက်အောင်မြင်မှု၊ အဝါကတ်ပြသမှုအကြိမ်ရေ အနည်းဆုံးအစရှိတဲ့ အချက်များအပေါ် အခြေခံတွက်ချက်ပေးအပ်ခြင်းဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဟယ်ရီကိန်း အနေနဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြသခဲ့ကာ ပြိုင်ပွဲစုံ ၅၆ ပွဲတွင် သွင်းဂိုး ၆၄ ဂိုးသွင်းယူခဲ့ပြီး ဥရောပသွင်းဂိုးအများဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် ဂျာမန်ဘွန်ဒက်လီဂါဖလား၊ ဂျာမန်စူပါဖလား၊ ဂျာမန်ပိုကယ်ဖလားစတဲ့ ဆု ဖလားများကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အင်္ဂလန်အသင်း တတိယဆုဆွတ်ခူး ခဲ့ရာတွင် အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့တာကြောင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု အတွက် ထိပ်ဆုံးမှရေပန်းစားနေခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)

13 Sep

ADVERTISE HERE .